Mizzima
လန်ဒန်ဆရာတော် ဦးဥတ္တရက သံဃာ့မဟာနာယက တတိယအဖွဲ့ခွဲမှ သံဃာတော် ၁၅ ပါးအပါအ၀င် ရန်ကုန်တိုင်းသံဃနာယက၊ မဟာသန္တိသုခ ကျောင်း၏ သင်တန်းမှူးဆရာတော်တို့ကို ပုဒ်မနှစ်ခုဖြင့် ဒုတိယအကြိမ် တရားစွဲဆိုရန် ကြိုးပမ်းခြင်းကို တာမွေတရားရုံးက ထပ်မံ ပယ်ချလိုက်သည်။
တာမွေတရားရုံးက လန်ဒန်ဆရာတော်သည် အမှုဖြစ်နေဆဲ ကာလဖြစ်သည်ဟု အကြောင်းပြကာ ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ဆရာတော်က မီဒီယာများကို မိန့်ကြားသည်။
"ဘုန်းကြီးတို့အနေနဲ့ကတော့ တစ်ရုံးမဟုတ် တစ်ရုံးကို တိုင်ရမှာပဲ။ မရရင်တော့ International Court (နိုင်ငံတကာ တရားခုံရုံး)အထိ တိုင်ရမှာပဲ"ဟု ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
လန်ဒန်ဆရာတော်က ပထမအကြိမ် ဇူလိုင် ၁၆ရက်လည်း ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုရန် တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသေးသည်။
ယင်းသို့ တရားစွဲဆိုခြင်းသည် မဟာသန္တိသုခကျောင်းတိုက် အငြင်းပွားမှုပြဿနာနှင့် သက်ဆိုင်ခြင်းမရှိကြောင်းလည်း ဆရာတော်က ဇူလိုင် ၁၆ရက်က မိန့်ကြားသည်
No comments:
Post a Comment