ကိုတိုးကြီး
စစ်ကိုင်းမြို့နယ် ၊ မင်းကွန်းမြောက် ကျေးရွာဆုတောင်း ပြည့်စေတီတွင် စံပယ်နေသည့် ရှင်ပင်ဆုတောင်းပြည့် ဗုဒ္ဓဆင်းတု၏ မျက်လုံးတော်ပွင့် လာသည်ဆိုသည်မှာ မဟုတ်ဟု မင်းကွန်းရဲ ကင်းစခန်း မှူးရဲအုပ်သန်းထွေးက ထုတ်ဖော်ပြော ဆိုသည်။
လွန်ခဲ့သော တစ်နှစ်ကျော်၌ ရပ်ရွာလူကြီးတို့ ရွှေဆေးဖြင့် မွမ်းမံရာတွင် မျက်လုံးတော် ပွင့်နေသည့် သဏ္ဍာန်ပုံ ဖော်သည်ဟူ သောဝန်ခံချက်ကို ကာယကံရှင်တို့ မှရထားသည်ဟု ၎င်းကပြောသည်။
သြဂုတ် ၄ ရက် ညပိုင်းအချိန်တွင် မင်းကွန်းကျေးရွာနေ ဒေါ်သေးသေးဆိုသူက ဗုဒ္ဓဆင်းတု တော်အားပန်း၊ ရေ ချမ်းပူဇော် နေစဉ်မျက်လုံးတော် စပါးလုံးတစ် ထောက်ခန့် ပွင့်လာသည်ကို ဖူးတွေ့ရသည်ဟု သတင်းဖြန့်ချိရာမှ ဒေသခံအများအပြား လာရောက်ဖူး မြော်မှုများရှိ နေခြင်းဖြစ်သည်။ ထိုဆင်းတုတော်သည် သမိုင်းစာများအရ အ လောင်းစည်သူ မင်းတည်ထား ကိုးကွယ်ခဲ့သော ဉဏ်တော်အမြင့် ငါးပေရှိ တင်ပလ္လင်ခွေ ရုပ်ပွားဆင်း တုတော် တစ်ဆူဖြစ်သည်။
No comments:
Post a Comment