ကျော်စီုးမိုး
ချော်လဲသည့်အနီးတွင် သွယ်တန်း ထားသည့် ဓာတ်ကြိုးကို ဆွဲမိသဖြင့် ဓာတ်ကြိုး ပြတ်တောက်ပြီး ဓာတ် လိုက်သေဆုံးသော ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၃၁ ရက်၊ ည ၇ နာရီဝန်း ကျင်ခန့်က အလုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
သေဆုံးသူမှာ ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ် မြို့နယ်၊ ကမာချိုင် ကျေးရွာမှ ရန်ကုန်တိုင်း၊ အလုံမြို့ နယ်၊ သစ်တောရပ်ကွက်၊ အလုံအပြည် ပြည်ဆိုင်ရာ ဆိပ်ခံတံတား ဆောက်လုပ်ရေးရှိ အရုဏ်ဦး ဆောက် လုပ်ရေးတွင် အလုပ်လာရောက် လုပ်ကိုင်နေသည့် အသက်၁၉ နှစ်အရွယ် သန်းထိုက် ဆိုသူဖြစ်ပြီး ၎င်း သည် အလုပ်သိမ်းပြီး ထမင်းစား ရန်အတွက် အပြင်ထွက်စဉ် ချော်လဲခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ချော်လဲစဉ်တွင် အနီးရှိ သွယ်တန်းထား သည့်လျှပ်စစ်ဓာတ်ကြိုးကို ဆွဲမိရာမှ ဓာတ်ကြိုးပြတ်တောက် ပြီး ယာဘက် လက်မထိပ်တွင် မီးလောင်ဒဏ်ရာဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် နေစဉ်တွင် သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန်အတွက် ရဲအုပ် ကျော်ကျော်ဦးက တရားလိုပြု တိုင်တန်းပြီး အလုံမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၀/ ၁၄) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။
အဆိုပါ ဇူလိုင်လ ၃၁ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်ကလည်း လှိုင်သာယာမြို့ နယ်၊ စက်မှုဇုန်(၃)ရှိ စက္ကူပုံး စက်ရုံတွင် အလုပ်သမား တစ်ဦးသည် စက်ရုံ အမိုးပေါ်သို့တက်ကာ ရေတံလျှောက် တပ်ဆင်ရာ အမိုးနှင့် ထရန်စဖော်မာမီးကြိုးတို့ ထိမိခဲ့သဖြင့် ဓာတ်လိုက်ခဲ့ပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူခဲ့ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
No comments:
Post a Comment