ကေဇူး
တာဝန်ထမ်းဆောင်နေသော အသက်မပြည့်သေးသည့် ကလေးစစ်သားများအနက် ၉၁ ဦးကို သြဂုတ်လ ၁ရက်က ရန်ကုန်မြို့ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးဌာနတွင် မိဘများထံ ပြန်လည် အပ်နှံခဲ့သည်။
အရွယ်မရောက်သေးသူ ကလေးစစ်သားများ စစ်မှုထမ်းခြင်းမှ တားဆီးရေးအတွက် အစိုးရနှင့် ကုလ သမဂ္ဂတို့ကြား သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲလုပ်ငန်းစီမံချက်ကို လက်မှတ်ထိုးချိန်မှ စပြီး မြန်မာ့တပ်မတော်မှ နုတ်ထွက်ခွင့်ပြုလိုက်သည့် ကလေးစစ်သားအရေအတွက် အများဆုံးအကြိမ်လည်ဖြစ်သည်။
၂ဝ၁၂ ခုနှစ် စက်တင်ဘာလ မှ ယနေ့ အချိန် အထိ ၃၆၄ ဦးရှိပြီ ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ကလေးစစ်သား ခေါ်ယူ အသုံးပြုမှု အဆုံးသတ်ရန် လှုပ်ရှားဆောင်ရွက်လျှက်ရှိသည်။
No comments:
Post a Comment