Sunday, August 24, 2014

သပွတ်အူကဲ့သို့ ဓာတ်ကြိုးများ ပြန်ပြင်ရန်အဆို ရန်ကုန်တိုင်းလွှတ်တော်လက်ခံ

မင်းမင်း

ရန်ကုန်တိုင်းအတွင်းရှိ သွယ်တန်းထားသော ဓာတ်ကြိုးများမှာ နှစ်ကာလကြာနေပြီး သပွတ်အူကဲ့သို့ ရှုပ် ထွေးနေသောကြောင့် ကျွမ်းကျင်ဝန်ထမ်းများဖြင့် စန စ်တကျ ပြုပြင်ရန်လို သည်ဟူသည့် အဆိုပြု ချက်ကို လက်ခံဆွေးနွေးရန် သြဂုတ် ၂၂ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

ထိုအဆိုကို ကြည့်မြင်တိုင်မြို့နယ်မှ တိုင်းအမတ် ဒေါ်ကြည်ကြည်မာက တင်သွင်းခြင်းဖြစ်သည်။“ရန်ကုန် တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင်သွယ်တန်း ထားသော စနစ်မကျသည့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျ မှုကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးရသည့်အတွက် အရည်အသွေးကောင်းမွန်ပြီး စနစ်တ ကျ သွယ်တန်းမှုရှိစေရန်၊ ဓာတ်တိုင်များရှိ သပွတ်အူကဲ့သို့ ရှုပ်ထွေးနေသော ဓာတ်ကြိုးများနှင့် နှစ်ကာလကြာ ရှည်စွာ အသုံးပြုထားသော ဟောင်းနွမ်းပေါက်ပြဲနေသည့် ဓာတ်အားလိုင်းကြိုးများကို ကျွမ်းကျင်ဝန်ထမ်း များဖြင့် စနစ်တကျ ပြုပြင်ဆောင်ရွက်ပေးရန်”ဟုဆိုကာ ၎င်းကအဆိုပြုခဲ့ခြင်းဖြစ်သည်။

“အပြစ်မဲ့ပြည်သူများအသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုမျိုး လုံးဝမရှိစေရန်၊ ထိထိရောက်ရောက် စီမံဆောင် ရွက်ရန်အထူးလိုအပ်ပါတယ်”ဟု ဒေါ်ကြည်ကြည် မာက ပြောသည်။ထိုအဆိုကို ကန့်ကွက်မည့်သူမရှိဘဲ ဆွေးနွေးလိုသည့်အမတ်များကို လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဖိတ်ခေါ်ထားသည်။ယခုနှစ်အတွင်း ဓာတ်ကြိုးပြတ်ကျမှုကြောင့် ရန်ကုန်တိုင်းအတွင် သေဆုံးသူခြောက်ဦး ထိရှိခဲ့ပြီး ဓာတ်လိုက်သေဆုံးသူ အနည်းဆုံး ၃၁ ဦးရှိနေပြီဟု ဖြစ်စဉ်မှတ်တမ်းများက ဖော်ပြနေသည်။

လူသိများသည့် ဖြစ်စဉ်များတွင် ဇွန်လ ၂၁ ရက်၊ လှည်းတန်းဈေးအနီး ဓာတ်ကြိုးပြတ်ကျမှုကြောင့်ဈေး သည် အမျိုးသမီးတစ်ဦးနှင့် ဈေးဝယ်လာသူ အမျိုးသား တစ်ဦးသေဆုံးမှု၊ ဇွန်လ ၃၀ ရက် မြောက်ဥက္ကလာ ပ၊ ပတ္တမြားလမ်းရှိ ဓာတ်ကြိုးပြတ်၍ သေဆုံးမှု၊ ဇူလိုင် ၁၁ရက် လှိုင်သာယာ၊ ၁၅ ဈေးအတွင်း ဓာတ်ကြို ပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီးသုံးဦး သေဆုံးမှုတို့ပါဝင်သည်။

No comments: