အောင်ကိုဦး
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာရှိ ဒေသခံများ တစ်နိုင်တစ်ပိုင် တူးဖော် နေသော ရွှေလုပ်ကွက်များကို ထက်ရည်လင်းရွှေ တူးဖော်ရေး ကုမ္ပဏီက သြဂုတ် ၃ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် ဖယ်ရှားမှုမရှိသော လုပ်ကွက်များကို သတ္တုတွင်း ပုဒ်မ ၃၀(ခ) ဖြင့် အရေးယူ မည်ဆိုသော ကြောင့် ဒေသခံတစ်နိုင် တစ်ပိုင် ရွှေတူးဖော်နေ သူများ အခက်အ ခဲဖြစ်ပေါ်လျက်ရှိသည်ဟု တစ်နိုင် တစ်ပိုင် ရွှေလုပ်ကွက် ပိုင်ရှင် ကိုသန်းစိုးက မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ တစ်နိုင်တစ်ပိုင် လုပ်ကွက်တွေကို ပြန်လိုချင်တယ်။ကုမ္ပဏီက အခုလို နှင်ထုတ်တာ ကို သတ္တုတွင်း ၀န်ကြီးဌာနကို တိုင်တယ်။ နောက်တစ်ချက် က ကျွန်တော်တို့ ကို မှီခိုလုပ်ကိုင်နေတဲ့ ဒေသခံ ရွှေလုပ်သားတွေ အကုန်အလုပ်လက်မဲ့ ဖြစ်ပြီး မိသားစု စားဝတ်နေရေးတွေပါ ခက်ကုန်ပြီ။ ကျွန်တော်တို့ လုပ်ကွက် ၅၅ ကွက်ကို အင်းပိုင် ၅၅ ဦးက ဘာမှမထိခိုက်ဘူး။ သူတို့ကဒေ သခံကို ဘယ်တော့မှ အလုပ်မ ပေးဘူး”ဟု ကိုသန်းစိုးက ပြောသည်။
အဆိုပါ ထက်ရည် လင်းရွှေတူးဖော် ရေးကုမ္ပဏီက SGU(2AB) လုပ်ကွက်တွင် ကုမ္ပဏီ၏ခွင့်ပြု ချက်တစ်စုံ တစ်ရာမရဘဲ ၎င်းတို့၏သဘော ဆန္ဒအလျှောက် တရားမ၀င် ၀င်ရောက် လုပ်ကိုင်သည် ဟုဆို၍ ဒေသခံတစ် နိုင်တစ်ပိုင်ရွှေ အင်းများကို ပိတ်သိမ်းဖယ် ရှားခိုင်းခြင်းဖြစ်သည်ဟု ထက်ရည် လင်း ကုမ္ပဏီလီမိတက် ရွှေဖက်စပ်တူးဖော်ရေး လုပ်ငန်းရုံးချုပ်မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၃ ရက် တွင် မဇ္ဈိမကို ပြောသည်။
ပိတ်သိမ်းဖယ်ရှား ရမည့် ရွှေအင်းလုပ်ကွက်များ မှာ SGU(2AB) အတွင်းရှိ ထောက်ရှာပင် လုပ်ကွက်၊ ချမ်း သာလုပ်ကွက်၊ ရေပူတွင်းလုပ်ကွက်၊ ဘိန်းချပ်လုပ်ကွက်နှင့် ခွာညိုပင် လုပ်ကွက် စသည့်တို့ဖြစ် ပြီးလုပ်ကွက် တစ်ကွက်တွင် ၁၀ ဧကရှိ သည်ဟုဆိုသည်။ ထိုလုပ်ကွက် များတွင် ဒေသခံတို့ တစ်နိုင်တစ်ပိုင်ရွှေ တူးဖော် နေသော အင်းပေါင်း ၅၅ အင်းရှိသည် ဟုဆိုသည်။ ထိုအင်းများကို သြဂုတ်လ ၂ ရက် ကတည်းက လုပ်ငန်း များ ရပ်နားထားရ သည်ဟုဆိုသည်။ အင်းတစ်အင်းတွင် ရွှေတူးလုပ်သား ၈၀ ဦးမှ ၁၀၀ဦးထိရှိသော ကြောင့် ရွှေလုပ်သား ၆,၀၀၀ ဦးခန့် အလုပ်လက် မဲ့ဖြစ်နေသည်ဟုဆိုသည်။
အဆိုပါလုပ်ကွက် များသည် ထက်ရည်လင်း ကုမ္ပဏီက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် MD ဦးမျိုးသန့်နှင့် ကွင်း အုပ်ချုပ်မှုတာဝန်ခံ ဦးမျိုးကျော်တို့က ဒေသခံရပ်မိရပ်ဖများ၊ အထောက်အကူပြု အဖွဲ့ များ၊ အုပ်ချုပ်ရေးမှူး တို့ဖြင့် ဒေသခံများကို တစ်နိုင်တစ် ပိုင်လုပ်ကိုင်ရန် ပေးခဲ့သည်ဟု ဆိုသည်။
သပိတ်ကျင်းမြို့နယ်၊ ကန်တောင်ကျေးရွာ တွင် ဇူလိုင်၂၈ရက်မှစတင်၍ တရားမ၀င် ရွှေတူးဖော်သူများနှင့် လုပ်ကွက်များကို သတ္တုတွင်းဝန် ကြီးဌာနနှင့် အာဏာပိုင် အဖွဲ့အစည်း များက ရှင်းလင်းဖယ် ရှားပြီး သတ္တု တွင်းဥပဒေ ၃၀(ခ)ဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည် ဟုဆိုသည်။သပိတ်ကျင်း မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် မြို့နယ် သတ္တုတွင်းကို မဇ္ဈိမက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မေးမြန်းခွင့် မရခဲ့ပေ။
No comments:
Post a Comment