Khonumthung
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး၏ ၂၇.၆.၂၀၁၄ ရက်စွဲပါ စာအမှတ် ၅/၉-၁/ဦး- ၆ (၂၁၇) အရ ဘောင်ကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်ဘွေးအား ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များ အားဝေဖန် ရှုတ်ချသည်ဟု စွပ်စွဲတိုင်ကြား ချက်ကြောင့် တာဝန်မှရပ်စဲလိုက်ကြောင်း ဒေသခံတဦးက ခိုနုမ်းသုန် ထံ ယမန်နေ့ က ပြောပြသည်။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် များသည် ဒေသဖွံ့ဖြိုးရေးလုပ်နိုင်စွမ်းမရှိ၊ အရည်အချင်း၊ ဦးနှောက်လည်းမရှိ စသဖြင့် အုပ်ချုပ်ရေးမှူး ဦးစန်ဘွေးက အကြိမ်ကြိမ် ဝေဖန် ပုတ်ခပ်ပြောဆိုသည် ဟု ဘောင်ကုန်းကျေးရွာ အုပ်စုရှိ ဆီခုတ်ရွာ သားများ နှင့် မီဟူးရွာ သားများက ၂၀၁၄ခုနှစ်၊ ဧပြီလ (၂၀) ရက် နေ့စွဲဖြင့် ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးရုံး သို့ တိုင် ကြားကြခဲ့ကြခြင်းဖြစ်သည်။
” ဆီခုတ်ကျေးရွာသား ဦးပြေစု နဲ့ မီဟူး ကျေးရွာသားဦးတင်နွဲ့က ဆီခုတ်ကျေးရွာ နဲ့ မီဟူးကျေးရွာ သားတွေကို အမျိုး မျိုးခြိမ်းခြောက်ပြီး တိုင်စာမှာ အတင်းအကြပ် လက်မှတ် ထိုးခိုင်းပြီးတော့ တိုင်တာပါ ” ဟု အမည်မဖော်လိုသူ ဘောင် ကုန်းရွာသားတဦး က ပြော သည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ၂၆.၅.၂၀၁၄ ရက်နေ့တွင် ဆမီးမြို့နယ်ခွဲ၊ မင်းတပ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးကီခွီရှိန်း၊ ဒုတိယ ရဲအုပ်ဦးအောင်တင်၊ ဦးပေါင်ခန့်ဇမ်တို့က ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ အပြစ်တစုံ တခုမျှ မရှိကြောင်း အထက် သို့ တင်ပြခဲ့ပြီးဖြစ်သည်။
” အုပ်ချုပ်ရေးမှူးကို ဖြုတ်လိုက်တာက လက်ရှိအစိုးရပါတီ နဲ့ လူပုဂ္ဂိုလ်တွေ လုပ်ရပ်ကို ဝေ ဖန် ပုတ်ခတ်တဲ့ စွပ်စွဲချက် ပါပဲ၊ ခရိုင်ကလာရောက်ကွင်းဆင်းတာက ဘာမှအရာမရောက် ဘူး၊ ဟန်ပြရုံသက်သက်လိုပဲ မြင်တယ် ” ဟု အဆိုပါ ဘောင်ကုန်းရွာသား က ဆက်ပြော သည်။
အုပ်စု အုပ်ချုပ်ရေးမှူးကို တိုင်ကြားရာတွင် ဘောင်ကုန်းကျေးရွာ နှင့် ဆီခုတ်ကျေးရွာ ပူးပေါင်းရေးဆောင်ရွက်မှု၊ ဘောင်ကုန်းရွာ ရာမာချောင်း တံတားဆောက်လုပ်မှုအပေါ် အုပ်ချုပ်ရေးမှူးအား မကျေနပ်သဖြင့် ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်များ အား ဝေဖန် ပုတ်ခတ်သည်ဟု အကြောင်းပြတိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
ဆီခုတ်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင် (၄)အိမ်ထောင် မှအပ ကျန်အားလုံသည် NLD ပါတီဝင်များဖြစ်ကြောင်း ၊ ချင်း ပြည်နယ်အစိုးရ ဟားခါးမြို့၏ ၁.၂.၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ဝ-၃၆(၂၀)/ဦး- (၃) အရ ပင်မဘောင် ကုန်းရွာနှင့် ဆီခုတ်ရွာတို့ ပူးပေါင်းရေး စည်းရုံးနေစဉ်တွင်ပင် “ ပြည်ခိုင်ဖြိုးပါတီကျေးရွာ၊ ဘောင်ကုန်းကျေးရွာ အုပ်စု ဆီခုတ်ကျေးရွာကို ဆီခင်ကျေးရွာအဖြစ် ၁၇.၂.၂၀၁၄ ရက်နေ့က နာမည်တပ် ဆိုင်းဘုတ်တင်ထား ကြပြီးဖြစ်သည်။
No comments:
Post a Comment