Thursday, August 7, 2014

မန္တလေးကုန်စည်ဒိုင်တွင် ကျပ်သိန်းပေါင်း သောင်းဂဏန်းခန့် ပဲ ရောင်းမှားဝယ်မှားဖြစ်

ရွှေစင်ခိုင်

မန္တလေးမြို့၊ ပွဲစားကုန်သည် စက်ပိုင်များ မဟာက ထိန်တော်အသင်း (ကုန်စည်ဒိုင်)တွင် အသင်း သားတစ်ဦး မှ အခြားသော အသင်းသား များထံမှ ငွေကျပ်သိန်းပေါင်း သောင်းဂ ဏန်းအထိ ပဲစင်းငုံနှင့် ကုလားပဲ ရောင်းမှားဝယ် မှားဖြစ်သဖြင့် အသင်းကြီးမှ ညှိနှိုင်းဆောင် ရွက်ပေးရန် ရောင်းဝယ် ထားသော ဘောက်ချာ နှင့် အထောက်အ ထားများကို သြဂုတ်လ၁ရက်မှ စတင်ကောက်ယူလျက်ရှိသည်။

“ရောင်းမှား ၀ယ်မှားဖြစ်သွားတာ ဟုတ်ပါတယ်။ အရင်ရက်ပိုင်း ကတည်းက အသံတွေ ကြားနေရပေမယ့် မသေ ချာသေးပါဘူး။ ဒီနေ့မနက် မှာတော့ ရောင်းမှား ၀ယ်မှားဖြစ်သွားပြီး တိမ်းရှောင်နေတဲ့ အသင်းသား ရဲ့ အစ်ကိုက ဖုန်းဆက် လာပါတယ်။ သူ့ညီက သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ ပေးစရာရှိ တာမကိုက်ညီတော့ တဲ့အတွက် ခဏတိမ်းရှောင်နေပါတယ်။

သူတို့ ပြန်ပေးချင်ပါတယ်။ အသင်းက နေရစရာရှိတဲ့ သူတွေရဲ့စာရင်းကို ကောက်ခံပေးပါ။ သူ့ရဲ့စက်မှုမြေ ကွက် လေးကွက်၊ ဂိုဒေါင်စတာတွေကိုထုခွဲပြီး ပေးပါ့မယ်လို့ အကြောင်း ကြားလာလို့ ရစရာရှိတဲ့သူတွေခိုင် လုံတဲ့ အထောက် အထားပြပြီး စာရင်းတင်ဖို့ အသင်းမှာကြေညာ လိုက်တာပါ”ဟု မန္တလေးမြို့ ပွဲစားကုန် သည်စက်ပိုင်များ မဟာက ထိန်တော်အသင်း (ကုန်စည်ဒိုင်)မှ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးကျော်သွင် က ပြောသည်။

စာရင်းကို သုံးရက်ခန့်် ကောက်ယူသွားမည်ဖြစ်ပြီး ပထမဆုံးနေ့တွင် လာရောက်စာရင်းပေးသူ ၃၀ ကျော် ရှိပြီဖြစ်သည်။ စာရင်းများတွင် ငွေရရန်ရှိသူ၊ ကုန်ရရန်ရှိသူ၊ ငွေကျန်၊ ကုန်ကျန်သူစသည်ဖြင့် ရောထွေးနေ သောကြောင့် ငွေပမာဏကို အတိအကျဖော်ပြရန် ခက်ခဲကြောင်း၊ ငွေကျပ်သိန်းပေါင်း သောင်းဂဏန်း ကျော်ရှိနိုင်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်)မှ အသင်းသားဖြစ်သည့် ပွဲရုံပိုင်ရှင်တစ်ဦးသည် ပဲစင်းငုံနှင့် ကုလားပဲများ အရောင်း အ၀ယ်ပြုလုပ်ရာမှ ၎င်းရောင်းထားသူများထံ ပစ္စည်းမအပ်နိုင်ခြင်း၊ ၀ယ်ယူထားသည့်သူများထံ ငွေမပေးနိုင်တော့ခြင်းဖြစ်သည်။

“သူတစ်ဦးတည်းက တခြားအသင်းသားတွေဆီက ပဲစင်းငုံနဲ့ကုလားပဲဖြူလုံးကြီး တွေကို အရောင်းအ၀ယ် လုပ်ရင်း လက်လွန်သွားတဲ့ သဘောရှိပါတယ်။ ဥပမာပြောရရင် တစ်ကျပ်ပေါက်တဲ့ပစ္စည်းကို တစ်ကျပ် ဆယ်ပြားပေးဝယ်တယ်။ ပစ္စည်းယူထားပြီး တစ်လနေမှ ပိုက်ဆံပေးမယ်ပြောတယ်။ ပိုက်ဆံပေးရမယ့် အချိန်မှာ မပေးနိုင်တော့ဘူး။ နောက်တစ်ခါတစ်ကျပ် ပေါက်တဲ့ပစ္စည်းကို ၉၅ပြားနဲ့ ရောင်းတယ်။ ပိုက်ဆံ အရင်ယူထားတယ် ပစ္စည်းအပ်ရမယ့်အချိန်မှာ မအပ်နိုင်တော့ဘူး။ အဲ့လိုမျိုးတွေ များသွားတဲ့အခါ ပိုက်ဆံ များသွားတော့ မနိုင်မနင်းဖြစ်သွားတဲ့သဘောပါ”ဟု ဦးကျော်သွင်က မဇ္ဈိမကို ပြောသည်။

အသင်းကြီးမှ ဖြစ်ပေါ်သည့် ပြဿနာ နှင့်ပတ်သက်ပြီး ဖြေရှင်းပေးရာတွင်ပုံမှန် စနစ်ဖြင့် အရောင်းအ၀ယ်လုပ် ထားသူများ ရရန်ကျန်ရှိသော ပစ္စည်းနှင့် ငွေကြေးကိစ္စများအတွက် ညှိနှိုင်းဖြေရှင်းဆောင်ရွက် ပေးသွား မည်ဖြစ်သော်လည်း ကြိုရောင်းကြို ၀ယ်ပြုလုပ်ထားသည့်သူများကို ဖြေရှင်းပေးမည်မဟုတ်ပေ။

“အသင်းစည်းကမ်းချက်ထဲမှာကို ကြိုရောင်းကြိုဝယ် မလုပ်ဖို့ပါပါတယ်။အသင်းရှေ့မှာလဲ ခြောက်ပေ x ရှစ် ပေ ဗီနိုင်းနဲ့ ကြိုရောင်းကြိုဝယ် မလုပ်ဖို့၊ လုပ်လို့ တစ်ခုခုဖြစ်ပေါ်ခဲ့ရင်အသင်းက ဖြေရှင်းပေးမှာ မဟုတ် ကြောင်း “ကြေညာချက်ကို အမြဲထောင်ထားပါတယ်”ဟု ဦးကျော်သွင်က ဆိုသည်။စာရင်းများကောက်ယူ ပြီးစီးပါက စိစစ်မှုများဆောင်ရွက်ပြီးနောက် ရောင်းမှား ၀ယ်မှား ပြုလုပ်သွားသူနှင့် ရရန်ရှိသူများကို ပဋိပက္ခဖြေရှင်းရေးအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပြန်လည်မပေးလျော်နိုင်ပါက အဆိုပါ အသင်းသားကို အသင်းဝင်အဖြစ်မှ ရာသက်ပန်ထုတ်ပယ်ခြင်း ပြုလုပ်မည်ဖြစ်သည်။

No comments: