ထွန်းကိုကို
ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သော အမျိုးသားပညာရေးဥပဒေမှာ ပညာရေးကဏ္ဍတွင် အဓိကကျသည့် ကျောင်းသား၊ ဆရာ၊ မိဘ တို့၏ သဘော ထားကို ရယူထားခြင်းမရှိဘဲ ပညာရေး အာဏာပိုင်များ အလိုကျ ရေးဆွဲထားသည်ဟုဆိုကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်(ယာ ယီ)- MTFက ယင်းဥပဒေအား ကန့်ကွက်ကြောင်း သြဂုတ်လ ၂၃ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ အမျိုးသားပညာရေး ဥပဒေပါ အချက်များသည် ဗဟိုချုပ်ကိုင်မှုများ ထည့်သွင်းထားကာ ပညာရေးလွတ်လပ်ခွင့် မရှိ၍ လက်ခံနိုင်ခြင်း မရှိဟု MTF မှ ပြန်ကြားရေးတာဝန်ခံ ဦးသန်းထိုက်အောင်က မြန်မာဂျာနယ်လစ်ကွန်ယက်(MJN)ရုံးတွင် သြဂုတ်လ ၂၃ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွ င် ပြောသည်။
MTF၏ သဘောထားကြေငြာချက်ထဲတွင် အချက် ကိုးချက် ပါဝင်ပြီး ၂၀၁၄ခုနှစ် ဇူလိုင်လ ၃၁ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် ယင်းဥ ပဒေတွင် ဆရာ၊ဆရာမ သမဂ္ဂများ၊ ကျောင်းသားအသင်းအဖွဲ့များ အနေဖြင့် ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားရာရောက်သည့် စကားလုံးအချို့ ပါဝင်နေပြီး ဒီမိုကရေစီပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်မည့် ဥပဒေတစ်ခု မဟုတ်ကြောင်း ဆိုထားသည်။
ယင်းအပြင် MTFက ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသည့် နိုင်ငံတကာနှင့် ရင်းဘောင်တန်းနိုင်ရန် အာမခံချက်ရှိသည့် ဥပဒေတစ်ရပ် ပေါ်လာရန်လည်း တိုက်တွန်းထားသည်။
ယင်းအမျိုးသားပညာရေးဥပဒေကို သြဂုတ်လ ၁၉ရက်ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် (NNER)ကလည်း ကန့်ကွက်ထားကြောင်း သဘောထား ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။
No comments:
Post a Comment