Monday, August 4, 2014

နိုင်ငံခြားခရီး သွားများပိုမိုဝင် ရောက်လာနိုင် မည့်အီး-ဗီဇာစနစ်စက် တင်ဘာတွင် စတင်မည်

သီဟကိုကို

နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရေးအဆင်ပြေလွယ်ကူစေရန် e-Visa စနစ်ကို စက်တင်ဘာ ပထမ ရက်သတ္တပတ်တွင် စတင်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆောင် ရွက်နေ သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇိ္ဈမ ကို ပြောသည်။

ဇူလိုင် ၃၀ ရက်တွင် ဟိုတယ်/ခရီးဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် နှင့် ခရီးသွားလုပ်ငန်း ရှင်များ တွေ့ဆုံရာတွင်လည်း ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားခရီးသွားဧည့်သည်များ ၀င်ရောက်မှုအဆင် ပြေ လွယ်ကူစေရန် e-Visa စနစ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ လာမည့်စက်တင်ဘာလအတွင်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း ပြောကြားခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ e-Visa စနစ်ကို လ၀က (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) ဘက်ကပဲ အဓိကဆောင်ရွက်နေပါတယ်။ ဒီစနစ် ကို ဆောင်ရွက်ဖို့ကြားခံ Private ကုမ္ပဏီတစ်ခုကလည်း ရှိသွားမှာဖြစ်တဲ့အတွက် Testing Period (စမ်းသပ်ကာလ) တွေဒီလတွေမှာလုပ်သွားဖို့တော့ရှိပါတယ် ” ဟု ပြောသည်။

သံရုံးမရှိသည့်နိုင်ငံများမှ နိုင်ငံခြားခရီးသွားများအနေဖြင့် e-Visa စနစ်ကို အသုံးပြုကာ အွန်လိုင်းမှာတစ် ဆင့် လျှောက်ထားလာနိုင်မည့်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာတွင် ပိုမို အဆင်ပြေလာနိုင်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွား သုံးသန်းခန့်လာရောက်မည်ဟု ဟိုတယ်/ ခရီးဝန်ကြီးဌာနမှ လျာထား ပြီး လာမည့် စက်တင်ဘာလတွင် e-Visa စနစ် စတင်ကျင့်သုံးဖြစ်ပါက နိုင်ငံခြားခရီးသွား သုံးသန်းကျော် သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဆိုသည်။

အာက်တိုဘာမှ မတ်လအထိကာလများသည် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားအများဆုံးလာရောက် လည်ပတ်သည့် လများဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု တိုးတက် မှုနှုန်း ၉၀ ရာခိုင်နှုန်းအထိရှိခဲ့သည်ဟု ဆိုသည်။

No comments: