ABC
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့တွေနဲ့ ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေ သြဂုတ်လ ၄ရက်နေ့မှာ ပြည်နယ် အစိုးရ အဖွဲ့ရုံးမှာ တွေ့ဆုံပြီး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တယ် လို့သိရပါတယ်။
ဒီတွေ့ဆုံပွဲကို ကချင်ပြည်နယ်က တိုင်းရင်းသား ပါတီတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကြံခိုင် ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၀ပါတီ တက်ရောက် ခဲ့တယ် လို့ ပြော ပါတယ်။ တွေ့ဆုံပွဲကို တက်ရောက် ခဲ့တဲ့ ကချင်ပြည်နယ် ဒီမိုကရေ စီပါတီဥက္ကဌ ဒေါက်တာတူးဂျာက အခုလိုပြောပါတယ်။
“သူပြောကြား တာက peace process က တိုးတက်မှု ရှိလာတယ် ဆိုတာပြော တာပေါ့နော့ တိုင်းရင်းသား တွေရဲ့ တောင်းဆို မှုအရ လိုင်ဇာမှာ တိုင်းရင်းသား ညီလာခံ ကျင်းပနိုင်ခဲ့တဲ့ အချိန်မှာ NCCT ကို ဖွဲ့စည်းနိုင်ခဲ့ တယ်ပေါ့ တိုင်းရင်းသား ဘက်က NCCT ဖွဲ့စည်း နိုင်ခဲ့တဲ့ အတွက်ကြောင့် အစိုးရဘက်က တွေ့ဆုံ ဆွေးနွေး ဖို့ပိုပြီး အဆင်ပြေ သွားတယ်ပေါ့၊ NCCTနဲ့ MPC တွေ့ဆုံဆွေးနွေး တဲ့အခါ အရင်ကွဲလွဲ ချက်တွေ တစ်ရာ ကျော် ရှိတာပေါ့၊ ဒါပေမဲ့ ဆွေးနွေးရင်းနဲ့ နော်ကဆုံးမှာ ၃ချက်ပဲ ကျန်တော့ တဲ့အထိ ဆွေးနွေး သဘော တူညီလို့ ရသွားတယ် ဒါတွေဟာ process ရဲ့တိုးတက် မှုတွေဖြစ် တယ်ဆိုတာရှင်းပြတယ်။”
မြစ်ကြီးနားမြို့မှာ သြဂုတ်လ ၃ရက်နေ့က NCCT နဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းဦး ဆောင်တဲ့ အဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေး တဲ့နေရာမှာ သဘောတူညီချက်တွေ ရရှိခဲ့တဲ့ အတွက် နိုင်ငံရေး ဆွေးနွေးပွဲ တံခါးဝကို ရောက်နေပြီလို့ ပြောဆိုခဲ့ တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။
ဒါ့အပြင် ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီတွေ အနေနဲ့ လာမယ့် ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ သုံးပွင့်ဆိုင် ဆွေးနွေး သွားဖို့ သဘောတူညီခဲ့တဲ့ အကြောင်း၊ သုံးပွင့်ဆိုင်မှာ တိုင်းရင်းသား ဘက်က NCCT၊ အစိုးရဘက်က MPC နဲ့ နိုင်ငံရေးပါတီ တွေပါဝင်မှာ ဖြစ်ပြီး နိုင်ငံရေးပါတီတွေ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ်မှာ လက်တွဲပါဝင်ကြဖို့ ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။
သြဂုတ်လ ၁၁ရက်နေ့ ကျရင် ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေပြီး လာမယ့် ၁၈ရက် နေ့မှာ NCCT ၊ MPC နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့ရှိနေတယ်လို့ ဦးအောင်မင်းက ပြောခဲ့တယ်လို့ ဒေါက်တာ တူးဂျာက ပြောပါတယ်။

No comments:
Post a Comment