Monday, August 4, 2014

နေရာအချို့ တွင်မိုဘိုင်းတင်း အဖွဲ့ခြိမ်းခြောက် မှုခံရခြင်းကြောင့် လုံခြုံရေးတိုး မြှင့်ပေးရန် တင်ပြထား

မို့မို့ကြည်

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေး လုပ်ငန်း များဆောင်ရွက်ရာ တွင် လက်နက်ကိုင်အဖွဲ့အစည်း အချို့၏ ခြိမ်းခြောက်မှု များကြုံတွေ့နေရသည့်အတွက် လက်နက်ကိုင် အဖွဲ့အ စည်းများကို ထိရောက်စွာကိုင် တွယ် ဆောင်ရွက်နိုင် မည့် အစီအမံများ ဆောင်ရွက်ပေး ရန်အတွက် လိုအပ်နေ သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီး ဌာနမှ ညွှန် ကြားရေးမှူး ဦးတင်ရဲဝင်း က ပြောသည်။

“ကျွန်တော်တို့ ကတော့ မြေပြင်မှာဖြစ်တဲ့ အကြောင်းကို အထက်ဌာနကို တင်ပြထားတယ်။ တရား ဥပဒေစိုး မိုးမှုရှိတဲ့ ရန်ကုန် လိုနေရာမျိုးမှာတော့ လုံခြုံမှုအပြည့် အ၀ရှိပေမယ့် လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတဲ့ နယ်မြေတွေ မှာတော့ အကန့်အသတ် နယ်မြေလိုဖြစ်နေတယ်။ ဒါကြောင့်မို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကို ထိရောက်စွာကိုင် တွယ်ဆောင်ရွက်နိုင်တဲ့ အစီအမံတွေလုပ်ဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ခြိမ်းခြောက် မှုများကြောင့် မြန်မာနိုင်ငံထဲတွင် မိုဘိုင်းတင်း လုပ်ငန်းများ မဆောင်ရွက်နိုင်သည့်နေရာ အများအပြားရှိနေခြင်းဖြစ်သည်ဟု သိရသည်။

“ ထူးခြားဖြစ်စဉ်တွေဖြစ်ပေါ်လာရင် လြုံခုံရေးက လုံလောက်မှုမရှိဘူး။ တစ်ဖက်ကလည်း ရဲတပ်ဖွဲ့ရဲ့ လုံခြုံ ရေးဆောင်ရွက်ပေးမှုကလည်းအကန့်အသတ်နဲ့ရှိတယ်။ ရဲတပ်ဖွဲ့အင်အားဘယ်လောက်ပဲ များနေပါစေ။ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးဆိုရင်တော့ အဆင်မပြေပါဘူး ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လုံခြုံရေးအင်အားများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိရာ သာမန်အနေအထားအရတွင် လုံခြုံရေး အင်အားလုံ လောက်မှုရှိသော်လည်း ထူးခြားဖြစ်စဉ်များနှင့် ကြုံတွေ့ရပါက လုံခြုံရေး အင်အားလိုအပ်ချက်များရှိနေ သည်ဟု ဆိုသည်။

ယင်းကဲ့သို့လုံခြုံရေးအင်အား တိုးမြှင့်ပေးရန်တင်ပြရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ဇူလိုင်လ ၉ ရက်ည ၁၂ နာရီတွင် ငြိမ်းချမ်းရေးကောင်စီနယ်မြေအတွင်း ကုန်ပစ္စည်းများကို စစ်ဆေးနေစဉ် တရားမ၀င် ကုန်ပစ္စည်းများ တင်ဆောင်လာသည့်ကားတစ်စီးသည် တာဝန်အရ စစ်ဆေးခြင်းကို လက်မခံဘဲမောင်းနှင် သွား ခြင်းကြောင့် ရွှေသံလွင်တိုးဂိတ်ရှိ မိုဘိုင်းတင်းတပ်ဖွဲ့နှင့် ချိတ်ဆက်၍ဖမ်းဆီးခဲ့ရသည့်အတွက် ဖြစ်သည်ဟု ဆိုသည်။

No comments: