Wednesday, August 27, 2014

ကျောက်မျက်လုပ်ကွက် လုပ်ကိုင်ခွင့်ကို ကုမ္ပဏီကြီးအချို့ လုပ်ငန်းခွဲဖြင့် ရယူမှုကြောင့် လုပ်ငန်းငယ်များ နစ်နာနေ

နိုင်နိုင်ဇော်

အစိုးရက ကျောက်မျက်လုပ် ကွက်သစ်များကို တိုးချဲ့ချထားပေးသော်လည်း အင်အားကြီးကုမ္ပဏီများမှ ကုမ္ပဏီလက်ခွဲများဖြင့် တင်ဒါရယူနေခြင်းကြောင့် လုပ် ကွက်ငယ် ကျောက်မျက်လုပ်ငန်းရှင်များ နစ်နာနေ သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ကချင်ကျောက်မျက် လုပ်ကွက်များ၊ မိုးကုတ်နှင့် မိုင်းရှူးရတနာမြေလုပ်ကွက် သစ်များချထားပေးရာတွင် ငွေအင်အား တောင့်တင်းသော ကုမ္ပဏီများကသာ တင်ဒါရရှိနေမှုအပေါ် ကျောက်မျက်လုပ်ငန်းရှင်အချို့က ပြောဆိုခြင်း ဖြစ်သည်။

အောင်စည်းစိမ် ကျောက်မျက် လုပ်ငန်းရှင် ဦးအောင်ကြီးက “ အစိုးရက ကျောက်မျက်လုပ် ကွက်သစ်တွေ ချထားပေးတယ် ဆိုပေမယ့် ချထားပေးတဲ့ ကျောက် ကွက်တွေကို ဘယ်သူရလဲဆိုရင် အင်အားကြီး ကျောက် မျက်လုပ်ငန်းစုတွေကပဲ ရတာများတယ်” ဟု ဆိုသည်။

အင်အားကြီး ကျောက်မျက်ကုမ္ပဏီကြီးများမှာ လုပ်ကွက်သက်တမ်းမကုန်ဆုံးမီ လုပ်ကွက်သစ်များကိုအမည် သစ်များဖြင့် ထပ်မံလျှောက်ထားမှုများအတွက် အ စိုးရပိုင်းက စိစစ်ပေးသင့်သည်ဟု၎င်းက ဆိုသည်။

ကုမ္ပဏီတစ်ခုလျှင် လုပ်ကွက် တစ်ခုသာ လျှောက်ထား ရမည်ဟု တင်ဒါသတ်မှတ် ချက်များရှိသော်လည်း ကျောက်မျက် ကုမ္ပဏီကြီး အချို့မှ ကုမ္ပဏီငယ်များခွဲ ကာတင်ဒါဝင်ရောက်ခြင်းဖြစ်သည်ဟု ကျောက်မျက် လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ် ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက “ ကုမ္ပဏီငယ်တွေမှာ သူတို့ နစ်နာနေတယ်။ ကုမ္ပဏီကြီးတွေက ဒါမျိုးတွေရှိတယ် ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ သတ္တုတွင်း ၀န်ကြီးဌာနတွေကို တိုင်လို့ရပါတယ်။ ဒါပေမယ့်အချက်အလက်ခိုင်လုံဖို့ လိုပါတယ် ” ဟု ဆိုသည်။

တင်ဒါပိုင်းတွင် နစ်နာမှုများ မရှိစေရန် အစိုးရပိုင်းက မျှမျှတတဆောင် ရွက်ပေးသည်ဟု ဆိုသော်လည်း အောက်ခြေရှိ လုပ်ကွက်ငယ် ကျောက်လုပ်ငန်းရှင်အ များစု နစ်နာမှုများ ရှိနေကြောင်း၊ လုပ်ငန်းရှင် ကြီးများ ကလည်း လုပ်ငန်းရှင်ငယ်များအတွက် မျှမျှတတဆောင် ရွက်ပေးသင့်ကြောင်း ၄င်းက အကြံပြုပြော ဆို သည်။

No comments: