Wednesday, August 27, 2014

ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ပြီဟု ဦးစံလင်းဆို

ခင်မြတ်မြတ်ဝေ

ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ် ၂၆ရက်က တွေ့ပြီဟု ဦးဆောင်ရှာဖွေ သူဦးစံလင်းက မဇ္ဈိမကို ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိပြီဟု ဦးစံလင်းက ထုတ်ပြန်ချက်ထုတ်သည့်အတွက် မဇ္ဈိမက ၎င်းင်းအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ"ဟုတ် တယ်။တွေ့ပြီ။ထုတ်ပြန်ချက်ကိုသာ ကြည့်လိုက်ပါတော့"ဟု ပြောကြာ ဖုန်းချသွားခဲ့သည်။

ခေါင်းလောင်းကြီးအား ဦးဆောင်ရှာဖွေနေသူ မောင်စံလင်း(မြေပုံ)ကော့သောင်းက၁၃၇၆ခုနှစ် တော်သလင်းလဆန်း (၂)ရက် အင်္ဂါနေ့ (သြဂုတ် ၂၆ရက်)တွင် ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ကျွန်တော် (မြေပုံ မောင်စံလင်း)(ကော့သောင်း)အဖွဲ့မှ တွေ့ရှိထားပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားသည်။

No comments: