မှူး (အောင်လံ)
မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်ပေးရေးအတွက် ဖေဖော်ဝါရီ ၁ဝရက်က ဆန္ဒပြတောင်းဆိုခဲ့၍ ပုဒ်မ ၁၈ဖြင့် ထောင်တစ်လ ချမှတ်ခံရသည့် ကိုမြတ်ကို သြဂုတ်လ ၁ရက် နံနက်၆နာရီခွဲတွင် သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။
ကိုမြတ်ကိုအား ပြင်ဆင်ချက်တင်ပြလွှာအရ သြဂုတ်၈ရက်တွင် စစ်ဆေးရန် မြို့နယ်တရားရုံးမှ ချိန်းဆိုထားကြောင်း သိရသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အား ရာထူးမှနုတ်ထွက်ပေးရန် မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်တွင် ဦးဆောင်ဆန္ဒပြခဲ့သူ အောင်လံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ကိုမြတ်ကိုအား အောင်လံမြို့နယ်တရားရုံးက ဇူလိုင်လ ၄ရက်တွင် အလုပ်ကြမ်း နှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးဦးအုန်းမြင့်က မကွေးတိုင်း၊ သစ်ရာကောက်ကျေးရွာမှ ရွာသားများနှင့်တွေ့ဆုံစဉ် “ဘယ်ကောင်မှ ဂရု မစိုက်ဘူး။ ကြိုက်တဲ့ကောင်ပြော၊ ရေးချင်တဲ့ကောင်ရေး ကျွန်တော်ကလည်း ပုဆိုးလှန်ပြလိုက်မယ်။ ဒီလိုမျိုး နေခဲ့တဲ့ကောင်လေ၊ သေမှာတောင် မကြောက်တဲ့ကောင်၊ ကျွန်တော်က ဘာကိုကြောက်ရမလဲ” ဟု ပြောဆိုခဲ့သည်။ ယင်းအပြင် နယ်လှည့်ပါးရိုက်နေသည် ဆိုသည့် စကားများ မကျေနပ်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြရာတွင် ကိုမြတ်သူ ဦးဆောင်သော မြို့သူမြို့သား တစ်ထောင်ကျော်က ဆန္ဒဖော်ထုတ်ခဲ့သည်။
No comments:
Post a Comment