Sunday, August 24, 2014

ဝန်ကြီးဌာနနှင့် အသင်းချုပ်တို့ထံသို့ အသေးစိတ်အချက်များ မတင်ပြသည့် အလုပ်သမား အေဂျင်စီများကို လိုင်စင်ပိတ်မည်

ဇာနည်အောင်

ပြည်ပသို့ အလုပ်သမား စေလွှတ်ပြီး ပြဿနာဖြစ်မှသာ ၀န်ကြီးဌာနနှင့် အလုပ်သမား အသင်းချုပ်တို့ကသိရ သည့်အတွက် စည်းကမ်းချိုး ဖောက်သည့် အလုပ် သမား အေဂျင်စီများကို လိုင်စင်ပိတ်သိမ်းခြင်းဖြင့် အရေး ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအလုပ်အ ကိုင်ရှာဖွေရေးလုပ်ငန်း ရှင်များအသင်းချုပ် အတွင်းေ ရးမှူး ဦးကျော်ထင်ကျော်က မဇ္ဈိမကို ပြောသည်။

“အသင်းချုပ်နဲ့ ၀န်ကြီးဌာနကို အသိမပေးဘဲ ပြည်ပကိုစေလွှတ်တဲ့ အေဂျင်စီတွေကို ထိထိရောက်ရောက်အ ရေးယူမယ်။ ပြဿနာဖြစ်မှ ၀န်ကြီးဌာနနဲ့ အသင်း ချုပ်သိရတာတွေကို ဒီနည်းနဲ့ ဖြေရှင်းမှရမယ်။ အရေးယူနိုင်ဖို့ ၀န်ကြီးဌာနနဲ့ အသင်းချုပ်တို့ ပူးပေါင်းလုပ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများက မကာအို နိုင်ငံသို့ အိမ်ကူစေလွှတ် ရာတွင် အသင်းချုပ်ထံတင်ပြခြင်း မရှိကြောင်း၊ြ ပဿနာ ဖြစ်ပွားရာတွင်လည်း အေဂျင်စီထံတင်ပြ ထားခြင်းမ ရှိဘဲ မိမိဘာသာဖြေရှင်းနေကြခြင်းကြောင့် ထိုကဲ့သို့ ထပ်မံဖြစ်ပွား ခြင်းမရှိစေရန် ထိုအေဂျင်စီ ကိုလည်း ယာယီလိုင်စင်ပိတ်သိမ်းခြင်းကို ခြောက်လမှတစ်နှစ်အထိ အရေးယူသွားမည်ဟု ၎င်းကဆိုသည်။

ထိုသို့ အရေးမှုဆောင်ရွက်နိုင်ရန် အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံ ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပြည်တွင်းပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ်တို့ ပူးပေါင်း၍ လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားမည့် ကုမ္ပဏီများကို စိစစ်ပေးနိုင်မည့် ကော်မတီတစ်ရပ်ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်သည်။

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် အလုပ်သဘောတူစာချုပ်၊ သတ်မှတ်ထားသောအလုပ်အ ကိုင် အမျိုးအစားထက် ပိုခိုင်းစေမှု၊ လုပ်ခလစာနှုန်း ထား၊ အေဂျင်စီဝန်ဆောင်ခစရိတ်၊ အလုပ်သမားစေ လွှတ်သည့်စာရင်း တိကျစွာမပေးခြင်း၊ လုပ်သားတင်ပို့ရာတွင် အသက်လိမ်လည်ပြီးတင်ပို့ခြင်း၊ လုပ်သား တင်ပို့ရာတွင် ၀န်ကြီးဌာနနှင့် အသင်းချုပ်ထံသို့ မတင်ပြဘဲ တရားမ၀င်စေလွှတ်ခြင်း၊ လုပ်သား စာရင်း လိမ်လည်ထားခြင်းများ ပြုလုပ်သည့် အေဂျင်စီများကို အရေးယူသွားမည်ဖြစ်သည်။

အလုပ်သမားရေးရာ ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က “အေဂျင်စီတွေ စည်းကမ်း ချိုးဖောက်မှုတွေ့ရှိခဲ့ရင် လုပ်ငန်း လိုင်စင် ယာယီပိတ်သိမ်းမယ်။ အခုလို ပိတ်သိမ်းခြင်းဖြင့် လုပ်သားဈေးကွက်ပျက်စီးမှုကို အကာ ကွယ်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

တရားမ၀င်လုပ်သားတင်ပို့မှု ပြဿနာ များသည် လုပ်သားပို့ဆောင်မှု ဈေးကွက်ကို ပျက်စီးစေသည့်အတွက် လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားမည့် ကုမ္ပ ဏီများကို စိစစ်ပေးနိုင်မည့် ကော်မတီတစ်ရပ်ဖွဲ့ စည်းကာ ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်လျှောက်လိုပါက ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံစွာတင်ြ ပမှုကို သေချာစစ်ဆေးကာ လိုင်စင်ခွင့်ပြုသင့်၊ မသင့်ကို စစ်ဆေးမည်ဟု ဦးမျိုးအောင်က ပြောပြသည်။

လုပ်ငန်းလိုင်စင်လျှောက်ထားပြီး လက်ရှိအချိန်ထိ လုပ်ကိုင်ခြင်းမရှိသည့် လိုင်စင်ရအေဂျင်စီများ၊ ၀န် ဆောင်ခယူရာတွင် ပိုမိုတောင်းခံပါက အလုပ်သမားများ ထံ ပြန်လည်ပေးအပ်ရန် ကိစ်္စရပ်များနှင့် အေ ဂျင်စီများ လိုင်စင်သက်တမ်းတိုးခြင်း၊ နိုင်ငံရပ်ခြားသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများ၏ လချုပ်၊ နှစ် ချုပ်စာရင်း တင်ပြရန်စသည့် အချက်များကို အေဂျင်စီများနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်ဟု ဦးေ ကျော်ထင်ကျော်က ဆိုသည်။

No comments: