Thursday, August 7, 2014

ရေကြီးမှုကြောင့် အင်္ဂပူမြို့နယ် အတွင်း စာသင်ကျောင်း ၃၀ ကျော် ပိတ်ထားရ

ABC

ဧရာဝတီတိုင်း ​ဒေသကြီး ​အင်္ဂပူမြို့နယ်က ​ကျေးရွာတချို့မှာ ​မိုးသည်းထန်စွာ ​ရွာသွန်းခဲ့တာကြောင့် ​ရေကြီးရေလျှံနေတဲ့အတွက် ​စာသင်ကျောင်း ​(၃၄) ​ကျောင်းကို ​ယာယီ ​ပိတ်ထားလိုက်တယ်လို့ ​အင်္ဂပူမြို့နယ် ​ပညာရေးမှူးရုံးက ​ပြောပါတယ်။

အခုလို ​ကျောင်းတွေ ​ပိတ်ထား ​ရတာဟာ ​ကျေးရွာထဲကို ​ရေတွေဝင်နေ ​တာကြောင့် ​ကျောင်းသား ​ကျောင်းသူတွေ ​သွားလာတဲ့အခါ ​အန္တရာယ်ဖြစ်မှာ ​စိုးတဲ့အတွက် ​ခဏပိတ်ထား ​ရတာဖြစ်ပြီး ​ပိတ်ထားတဲ့ ​ကျောင်းတွေ ​ကတော့ ​အထက်တန်းကျောင်း ​တစ်ကျောင်း၊ ​အလယ်တန်း ​(ခွဲ) ​တစ်ကျောင်း ​နဲ့ ​မူလတန်းကျောင်း ​(၃၂) ​ကျောင်းကို ​ပိတ်ထားတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ရေကြီးနေတဲ့ ​ကျေးရွာတွေ ​ကတော့ ​မဲဇလီကုန်း ​၊ ​ချင်းချောင် ​၊ ​သပြေပင် ​၊ ​လေးကြီး ​၊ ​လယ်ကြီးကွင်း ​၊ ​ကျွဲဇင်း ​၊ ​ရေကြပ် ​၊ ​သက္ကယ်ပြင်(မဲ) ​၊ ​အင်ပင်ကုန်း ​၊ ​ကညင်ငူ ​၊ ​ကျောင်းကွင်း ​၊ ​ကရင်ကူး ​၊ ​မီးလောင်ကုန်း ​နဲ့ ​ပွတ်ကုန်းကျေးရွာတွေ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​သာပေါင်း ​၊ ​ရေကြည် ​၊ ​ကျုံပျော်မြို့နယ်တွေမှာလည်း ​ရေကြီးနေတဲ့ ​အတွက် ​ကျောင်းတချို့ ​ပိတ်ထားရတယ်လို့ ​ဒေသခံတွေက ​ပြောပါတယ်။

ဒိုက်ပျက်ကျေးရွာ ​အထက်တန်း ​ကျောင်းခွဲ ​ကျောင်းဝင်းနဲ့ ​စာသင်ဆောင်ကြမ်းခင်းတွေကို ​သြဂုတ်လ ​(၂) ​ရက်နေ့က ​ရေတစ်ပေလောက် ​၀င်လာတဲ့အတွက် ​သြဂုတ်လ(၄)ရက်နေ့ကနေ ​(၈)ရက်နေ့ ​အထိ ​ကျောင်းတွေ ​ပိတ်ထားမှာ ​ဖြစ်တယ်လို့ ​ကျုံပျော်မြို့နယ် ​ပညာရေးမှူးရုံးဝန်ထမ်းတစ်ဦးက ​ပြောပါတယ်။

အင်္ဂပူမြို့နယ်အတွင်းက ​ကွင်းကောက်ကျေးရွာမှာလည်း ​ရေကြီးနေတဲ့အတွက် ​ရေဘေးဒုက္ခသည် ​မိသားစု ​(၄၀၀)ခန့်က ​ဘုန်းကြီးကျောင်းနဲ့ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ​မှီခိုနေရတယ်လို့ ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: