Sunday, August 24, 2014

သျှမ်းစာပေ ဟောပြောပွဲ သျှမ်း/ တောင်တွင် ပထမဆုံး အကြိမ် ကျင်းပ

သျှမ်းသံတော်ဆင့်/ ယိင်းအုမ်မွေ၊နန်းဆိုင်ဖူးအောင်

သျှမ်းပြည် တောင်ပိုင်း လဲချားမြို့ ဟိုနောင်လုံ ရပ်ကွက် စွမ်ဆိုင် ခန်းမတွင် သျှမ်းစာပေ ပညာရှင် ဆရာ လုံးစိုင်းဖှက သျှမ်းစာပေနှင့် ပတ်သက်ပြီး ပထမ အကြိမ် ဟောပြော ခဲ့ပါ သည်။

သြဂတ်စ်လ ၁၇ ရက်မနက်ပိုင်းက ဟောပြောသွားခဲ့ခြင်းဖြစ်ပြီးတက်ရောက် နားထောင် သူ တထောင်ခန့်အား သျှမ်းလူငယ်များတိုးတက်ရေးအတွက် မိဘများတွင်တာဝန်ရှိ ကြောင်း ပြောကြားသွားခဲ့သည်။

" ကျနော်တို့ သျှမ်းတွေအတွက် အခက်ခဲရှိနေသေးတာကတော့ သျှမ်းတွေဟာ ဘာမှ မသိသေး တာဘဲ။ ကျနော် မှာချင်တာကတော့ အဓိကဟာ မိဘပါဘဲ။ မိဘကောင်းရင် သား ၊ သမီး ကောင်းမယ်။ ဆရာမကောင်းရင် တပည့် မကောင်းဘူး။ ဒါကြောင့် ကလေး တွေ ကချည်း အပြစ်တင်လို့မရဘူး " ဟု သျှမ်းစာပေ ပညာရှင် ဆရာလုံးစိုင်းဖှ က ပြောသည်။

ယင်းဟောပြောပွဲတွင် သျှမ်းစာပေဆရာ စိုင်းဖှ ၊ ခွန်ယုံးချို ၊ စိုင်းမှိုင်းလှိုင်း ၊ စိုင်းဦးခမ်း တို့က တက်ရောက်ဟော ပြောခဲ့ပါသည်။ ဟောပြောပွဲဖြစ်မြောက်ရေးအတွက် လဲချား မြို့ သျှမ်းလူငယ်များအဖွဲ့က ကမကထပြု လှုပ်ရှား ခဲ့ကြခြင်းဖြစ်ကြောင်း အသင်းခေါင်း ဆောင် စိုင်းလှိုင်းဟိန်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းကိုင်မြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လုံးစိုင်းပန်ကလည်း " မိုင်းကိုင်မှာ လည်း ဒီလိုဟောပြောပွဲလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုဟောပြောပွဲကိုလာနားထောင် ရတာ ဟိုအရင်တုန်းက ကျွန်တော်တို့ မသိသေးတဲ့ အကြောင်းကို အခုဆိုရင် ကျွန်တော် တို့ ပိုနားလည်သွားတာပေါ့ " ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

၁၉၇၃ ခုနှစ်က လဲချားမြို့တွင် သျှမ်းစာပေကို ဆရာစိုင်းဖက ပထမဦးအကြိမ် လာ ရောက်သင်ကြား ပေးခဲ့ပြီး အစိုးရကျောင်းတွင် သျှမ်းစာပေသင်ကြားခွင့်ရရေးအတွက် ၂၀၁၂ က ရန်ကုန်မြို့ ၉ မိုင် သျှမ်းဘုန်းကြီး ကျောင်းတွင် ဆွေးနွေးခဲ့ပါသည်။ ၂၀၁၄ ခုနှစ် ဂျူလိုင်လက သျှမ်းစာပေကို အစိုးရကျောင်းတွင် သင်ကြားခွင့်ပြုကြောင်း ဆရာလုံးစိုင်းဖှက ရှင်းပြသည်။

သျှမ်းစာပေဟောပြောပွဲကို သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နှင့် မိုင်းရယ်မြို့ တို့တွင်လည်း ကျင်းပခဲ့ဖူးပါသည်။ထိုစဉ်က စာပေဟောပြောပွဲတွင် သျှမ်းစာပေ ပညာရှင်များဖြစ်ကြသော ခူ ဟိဏ်း ကာယန်း၊ ဆရာမ နန်းခေးရှဲန် ၊ ခွန်ယုံးချို၊ စိုင်းဆိုင်မိန်း တို့ဟောပြောသွားခဲ့ပါသည်။

No comments: