ဇာဏီထွဏ်း၊ ယမုံ
ရာဇာမင်းမှန်လုံယာဉ် ဓားပြတိုက်မှုကို သက်ဆိုင်ရာမှ ဖော်ထုတ်သည့်အခါ တရားခံ ပေါ်ပေါက်ရေးအ တွက်ညှဉ်းပန်း နှိပ်စက်မှုများ၊ တရားခံများကို ညှဉ်းပန်း နှိပ်စက်မှုများစသည် လူ့အခွင့်အရေးချိုးဖောက်မှု များကို တွေ့ရှိရသဖြင့် တရားစီရင်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများသို့ ယခုရက်ပိုင်းအတွင်း တင်ပြသွား မည်ဟု လူ့အခွင့်အရေးကာကွယ်မှုမြှင့်တင်သူများ အဖွဲ့(HRDP) အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်အေးက ပြောသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာ အနီးတွင်၂၀၁၃ ခုနှစ် ဇွန်လက ဖြစ်ပွား ခဲ့ခြင်းဖြစ် သည်။ “အမှုမှန် မမှန်တော့ ဆုံးဖြတ်ခွင့် ကျွန်တော်တို့မှာ မရှိဘူး။ လွန်ခဲ့တဲ့ကိုးနှစ်လောက်က သေဆုံးတဲ့သူ တွေကပါ တရားခံအဖြစ် နာမည်ပါ နေတယ်။ ညှဉ်းပန်းနှိပ်စက် ခံရပြီး ထွက်လာတဲ့ စကား မှန်နိုင်မလားဆို တာတင်ပြသွားမယ်”ဟု ၎င်းကဆိုသည်။
အဆိုပါအဖွဲ့နှင့် ဓားပြမှုတွင် ပါဝင်သည်ဟု ဆိုသော ကနဦး စစ်ဆေးခံရသူနှင့် ဖမ်းဆီးခံရသူ မိသားစုဝင် အချို့ကို မဇ္ဈိမက ဇူလိုင်လ ၃၁ ရက်နေ့တွင် တွေ့ဆုံ ခဲ့သည်။ ဓားပြတိုက်သူဟု ယူဆရသူများကို လမ်းပြပေး ခဲ့သဖြင့် သထုံမြို့မ ရဲစခန်းမှ လာရောက် ဖမ်းဆီးပြီး စစ်ဆေး မေးမြန်းခြင်းကို ခံခဲ့ရသည့် စောအောင်ကျော်သန်းက “ကျွန်တော့်ကို စစ်ဆေးတဲ့ အခါ လူကိုကြိုးနဲ့ ချည်ပြီး တွဲလောင်းဆွဲ ထားတယ်။ အောက်မှာ ဆူးချွန် တွေထားတယ်။ ဖိနပ်တွေနဲ့ ပါးရိုက်ခဲ့တယ်။ မခံနိုင်တဲ့ အဆုံး ကျွန်တော့်ညီ ဖြစ်တဲ့ စောဝင်းဗိုလ် ပါတယ်လို့ ထွက်ဆိုခဲ့ မိတယ်”ဟု ပြောသည်။
ဓားပြတိုက်မှုဖြစ်သည့်ညက ၎င်းကိုလမ်းပြရန် လာရောက်ခေါ်ဆောင်သည့် လူစိမ်းလေးဦးကို မှောင်နေသဖြင့် မပို့ပေးနိုင်ဟု ပြောသည့်အခါ လက်ထိတ်ခတ် ရမလားဟု ခြိမ်းခြောက် ခံခဲ့ရသဖြင့် လိုက်လံ ပို့ဆောင်ခဲ့ ကြောင်း၊ အဆိုပါလူ လေးဦး၏ မျက်နှာများ ကိုလည်း အမှောင်ထဲတွင် မမြင်ရကြောင်း၊ လက်နှိပ်ဓာတ်မီး ထိုးမရဘဲ အမှောင်ထဲတွင် သွားခဲ့ရသည်ဟု ဆိုသည်။
စောဝင်းဗိုလ် (ခ) ဦးသုမန သီတင်းသုံးခဲ့သည့် ကျုံဒိုးမြို့ရှိ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဦးဝဇီ ရဉဏက ၎င်းသည် ဒုလ္လဘရဟန်းခံပြီး ရဟန်းကောင်း တစ်ပါးဖြစ်ကာ၊ ဘုန်းကြီးဝတ်ပြီး နောက်ပိုင်းမှသာ ဓားပြတိုက်မှု ဖြစ်ပွားခြင်း ဖြစ်ရာ သက်ဆိုင်ရာ အနေဖြင့် စဉ်စား ဆုံးဖြတ်စေ လိုသည်ဟု ၂၀၁၃ ခုနှစ်စက် တင်ဘာလ ၃၀ ရက်က ကျုံဒိုးမြို့နယ် မဟနနှင့် သက်ဆိုင်ရာကို မေတ္တာရပ်ခံခဲ့သည်။
ယင်းဓားပြမှုဖြင့် စောဇော်ဝိတ်၊ စောအောင်ထူး၊ စောမောင်ငယ်၊ ဦးလင်းအောင်၊ ဦးစောဂေ (ခ) မောင်က လေး၊ စောဝင်းဗိုလ် (ဘွဲ့အမည် သုမန)တို့မှာ လက်ရှိတွင် သထုံမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည်။ အဆိုပါမှန်လုံယာဉ်တွင် လိုက်ပါလာသည့် ခရီးသည်အချို့၏ တရားရုံးထွက် ဆိုချက်အရ ဓားပြတိုက်သူ များသည် မွန်စကား ပြောဆိုကြသူများဖြစ်ရာ ယခုဖမ်းဆီးထားသူများမှာ ကရင်တိုင်းရင်းသား များဖြစ်နေ သည်ဟုလည်း ဖမ်းဆီးခံထားရသူ မိသားစုဝင်များကပြောသည်။ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်၊ အိမ် နီးချင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဓားပြမှုဖြစ်ပွားချိန်တွင် ဖမ်းဆီးခံရသူများနှင့် ရှိနေကြောင်း လက်မှတ် များဖြင့် ထောက်ခံထားသည်ဟုကရင်ပြည်သူ့ပါတီ (KPP) အတွင်းရေးမှူး စောထွန်းဝင်းက ပြောသည်။
No comments:
Post a Comment