ထွန်းကိုကို
ဘုရင့်နောင်တံတားအမှတ်(၂) ကို ဆောက်လုပ်နေမှုသည် ယခုအခါ မရမ်းကုန်းဘက်ခြမ်းနှင့်လှိုင်သာယာဘက်ခြမ်းတို့ အား ဆောက်လုပ်ပြီးစီးသွား ၍ ရေလ ယ်အပိုင်းကိုတည်ဆောက်တော့မည်ဖြစ်၍ ရေလမ်းကြောင်းနှစ်ခုအား သြဂုတ်လ၂၈ရက်မှ စတင်ကာ ယာယီပိတ်သွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်အ ဖွဲ့၊ ဆောက်လုပ်ရေးအင်ဂျင်နီယာဌာနမှ တိုင်းအင်ဂျင်နီယာဦးတင်ကိုကို က ပြောသည်။
ဘုရင့်နောင်တံတားအမှတ်(၂)အား ဆောက်လုပ်ရာတွင် မရမ်းကုန်းဘက်အခန်း(RP-2/3)၊ ရေလယ်အခန်း(RP-3/4)နှင့် လှိုင်သာယာဘက်အခန်း(RP-4/5)ဟူ၍ အပိုင်း သုံးပိုင်း ပိုင်းခြားဆောက်လုပ်ပြီးမရမ်းကုန်းဘက်အခန်း နှင့် လှိုင်သာယာဘက်အခန်းတို့မှာ တည်ဆောက်မှုပြီးသွားပြီဖြစ်သည်။
ယခုအခါ ရေလယ်အခန်းကို စတင်တော့မည်ဖြစ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ရေလမ်းကြောင်းများအား ယာယီပိတ် ထားမည်ဖြစ်သည်။
"အခုစပိတ်မှာက လှိုင်သာယာဘက်ခြမ်းနဲ့ ရေလယ်စဆောက်မယ့် နေရာကို ပိတ်ထားမှာပါ။ မရမ်းကုန်းဘက်ခြမ်းကိုတော့ ဖွင့်ထားပေးမှာပါ။ ရေယဉ်အသွား အလာကို အဲဒီဘက်ခြမ်းကပဲ စလုပ်လို့ရလိမ့်မယ်။" ဟု ဦးတင်ကိုကိုက ပြောသည်။
လှိုင်သာယာဘက် ခြမ်းကို စက်တင်ဘာလ ၁၅ရက်တွင် ထပ်မံဖွင့်ပေးမည်ဟု ၎င်းင်းက ပြောသည်။
ဆောက်လုပ်ရေး ကာလအတွင်း ရေယဉ်များအား ရေဆန်ဘက်ကိုသာ သွားလာရန် ဖွင့်ပေးထားမည်ဖြစ်ပြီး ရေစုန်ဘက်ခြမ်းကိုမူ တံတားဆောက်လုပ်ခြင်း လုပ်ငန်း ပြီးမှသာ ဖြတ်သန်း သွားလာခွင့်ပြုမည်ဟု ဆိုသည်။
ထိုသို့ပိတ်ထားစဉ် ကာလအတွင်း တံတား၏ အထက်(၁၀၀၀)မီတာနှင့် အောက်ဘက်(၁၀၀၀)မီတာများတွင် စောင့်ကြည့်အမှတ်(Check Point)များ မြစ်လယ် ၌ထားရှိကာ ရေဆန်စောင့်ဆိုင်းနေသည့်ရေယဉ်များအား ယင်းအမှတ်မှ ကျော်လွန်ရပ်ထားခြင်း မပြုရန် စောင့်ကြည့်စစ်ဆေးသွားမည်ဟု ဆိုသည်။
အဆိုပါကာလအတွင်း ရေယဉ်များသည် ကမ်းဖက်အခြမ်းများဘက်မှ သွားရသောကြောင့် အန္တရာယ်ရှိနိုင်၍ အထူးသတိထား မောင်းနှင်းရန်လိုအပ်လိမ့်မည် ဟု ဦးတင်ကိုကိုက ပြောသည်။
"အဲဒီကာလအတွင်းမှာတော့ ဆောက်လုပ်ပြီးစီးသွားတဲ့ မရမ်းကုန်းဘက်နဲ့ လှိုင်သာယာဘက် ကပဲ ရေယဉ်သွားလို့ရမယ်တဲ့။ ရေလယ်ကို စဆောက်တော့ မှာဖြစ်လို့။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကခေါ်ပြောတာပါ။ ဦးတို့ အနေနဲ့ကတော့ ပြဿနာမရှိပါဘူး။"ဟု ရေယဉ်ကုန်တင်တွဲ တွန်း/တွဲ ဆွဲ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးမြင့်ဦးကပြောသည်။
No comments:
Post a Comment