စ ချိုကို
မြန်မာ့ရိုးရာ ရုပ်ပြောင်စတစ်ကာများ အသုံးပြု၍ မက်ဆေ့စ်ပေးပို့ခြင်းနှင့် စာသားပေးပို့ခြင်းများ ပြုလုပ်နိုင်သည့် MyChat application ကို သြဂုတ် ၂၇ မှ စတင်၍ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်မည်ဟု Mysquar ၏ အမှုဆောင်အရာရှိချုပ် Mrs.LINDA LIM ကပြောသည်။
Mrs.Linda Lim က “MyChat application ကို မြန်မာ့ဈေးကွက်ထဲမှာ ပိုမိုကောင်းမွန်တဲ့ messanger app အဖြစ် ပြီးပြည့်စုံအောင် တီထွင်ထားပါတယ်။ Mychat ကနေ လူငယ်တွေ တစ်ဦးနှင့် တစ်ဦး အဆင်ပြေပြေ ဆက်သွယ်နိုင်ပြီး အခြားသူငယ်ချင်းသစ်တွေကိုလည်း အလွယ်တကူ ရှာဖွေ ဆက်သွယ်နိုင်ပါလိမ့်မယ် ” ဟု ဆိုသည်။
MyChat app ကို Android မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ရန် ရေးဆွဲထားပြီး Google play ၊ One Mobile Market နှင့် Myspace စသည့် application နှင့် Game စတိုးများတွင် အလွယ်တကူ ဒေါင်းလုတ် ဆွဲနိုင်ရန် ပြုလုပ်ပေးမည်ဖြစ်သည်။
MyChat app အသုံးပြုမည်ဆိုပါက မိမိ၏ User Name အမည်ဖြင့် အကောင့်တစ်ခုဖြစ်လုပ်ရမည် ဖြစ်ပြီး အဆိုပါအကောင့်ကို Password ပေးထားကာ Login ဝင်၍ အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုရာတွှင်လည်း မက်ဆေ့စ်စာသားနှင့်ရုပ်ပြောင်စတစ်ကာများကိုသာ ပေးပို့ကာ အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်ဦးချင်းမက်ဆေ့စ်ပေးပို့ခြင်းနှင့် Group ဖွဲ့၍ မက်ဆေ့စ်ပေးပို့ ဆက်သွယ်ခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။
Mysquar ၏ နည်းပညာဆိုင်ရာအရာရှိချုပ် David က “myChat ကိုအသုံးပြုတဲ့အခါ လိုအပ်နေသေးတဲ့ အချက်တွေကို တွေကိုရှာဖွေပြီး အမြဲ Upgrade လုပ်သွားဖို့ ရှိပါတယ်။ ဒီထက်အသုံးပြုရ အဆင်ပြေစေမယ့် Functionတွေကိုလည်း အမြဲထည့်သွင်းပေးသွားမှာပါ ” ဟု ဆိုသည်။
Mysquar ကအခြားဂိမ်းနှင့် applicationများကို ထုတ်လုပ်ထားပြီး My TrueFalse ၊ MyOMG ၊MyOMG ThinGyan ၊ MyBeans ၊ MyMatch ဂိမ်းများအပြင် MyStore ၊ Mysocial စသည့် မိုဘိုင်းဖုန်းapplication များကို ထုတ်လုပ်ထားသည်။
No comments:
Post a Comment