Monday, August 25, 2014

NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ သတ်ခံရမှု သုံးလကြာအထိ မဖမ်းဆီးနိုင်သေး

ကျော်စိုးမိုး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းကျဉ်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက် ညပိုင်းက ဖြစ်ပွား ခဲ့သည့် မိုင်းကျဉ်း ကျေးရွာ၏ NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသတ်ခံရသည့် ဖြစ်စဉ်မှာ သုံးလနီး ပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးဟု ဟိုပုံး NLD ဥက္ကဋ္ဌ ဦးတင် မောင်တိုးက သြဂုတ် ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်၊ ည ၁၂ နာရီ ၀န်းကျင်ခန့်တွင် ဦးစိုင်းစံထွန်း၏ နေအိမ်သို့ အမည်မသိ လူနှစ်ဦး ရောက်ရှိလာပြီး ၎င်းကို ခေါ်ဆောင်သွားခဲ့ကာ ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် အိမ်နှင့် သုံးမိုင်ခန့်အကွာ လယ်ကွင်းပြင်၌ ဦးစိုင်းစံထွန်း၏ ဦးခေါင်းနောက်စေ့တွင် သေနတ်ဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေခြင်း ဖြစ် သည်။

ဦးတင်မောင်တိုးက “ရဲတပ်ဖွဲ့ကလည်း လိုက်လံ ဖမ်းဆီးနေပေမယ့် ကျူးလွန်သူက SSA နယ်မြေထဲ ၀င်ခို နေလို့ ဖမ်းဆီးရခက်နေပါတယ်။ ဟိုတစ်လောကြေ ခရာခံမိထားတဲ့ တစ်ယောက်ကလည်း ခြေရာပြန် ဖျောက် သွားပါတယ်” ဟုပြောသည်။

အခင်းဖြစ်ပွားရာ နေရာသည် RCSS ၏ ထိန်းချုပ်နယ်မြေဖြစ်သဖြင့် ဖမ်းဆီးရာတွင် အခက်အခဲဖြစ်နေပြီး အဆိုပါနယ်မြေ၏ သုံးမိုင်ခန့်အကွာတွင် ခလရ ၂၄၉ တပ် ဧရိယာနှင့် ခုနစ်မိုင်ခန့်အကွာတွင် ပအိုဝ်း ပြည်သူ့စစ် (KNO) တို့တည်ရှိသည်ဟု ၎င်းက ဆိုသည်။

ဟိုပုံးမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက “ကျွန်တော်တို့အနေနဲ့ ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီး ရမိအောင် ဆောင်ရွက်နေပါတယ်။ တခြားကိစ္စတွေ ကိုတော့ ပြောလို့ မရသေးပါဘူး” ဟုပြောသည်။

အဆိုပါဖြစ်စဉ်ကို အမြန်ဆုံးစစ်ဆေး ဖော်ထုတ်ပေးရန်အတွက် ဇွန်လ ၁၁ ရက်က ရှမ်းပြည်နယ် အစိုးရ အဖွဲ့နှင့် ရဲတပ်ဖွဲ့ရုံးသို့ စာတင်ထားသည်ဟု ဦးတင်မော င်တိုးက ဆက်ပြောသည်။

No comments: