ဝေါလ်စထရိဂျာနယ်
မြန်မာနိုင်ငံ၏ လူဦးရေက မျှော်လင့်ထားသည်ထက် နည်းသွားသဖြင့် လက်ရှိမျှော်လင့်ချက်အပြည့်နှင့် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံ အပေါ်စွဲမက် အား လျော့ကျသွား၍ မိမိတို့သည် ကမ္ဘာ့ဈေးကွက်မှ အစွန် အဖျားဖြစ်သောဈေးကွက်မှ အမြတ်မည်မျှရနိုင်မည်ကို ပြန်လည်တွက်ချက် သုံးသပ်ရတော့ မည်ဖြစ်သည်။
သြဂုတ်လ၃၀ ရက်ကထုတ်ပြန်လိုက်သော တရားဝင် သန်းခေါင်စာရင်းကြေညာချက် တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၄ သန်းသာရှိသည်ဟုဆို ၏။ မြန်မာ အစိုးရက မကြာသေးမီနှစ် များအတွင်းက ခန့်မှန်းပြော ဆိုခဲ့သော သန်း ၆၀ နှင့်စာလျှင် အတော်ကလေး သိသာစွာလျော့နည်းသွားသည်။
ကုမ္ပဏီတွေက မြန်မာနိုင်ငံ၏ ပြည်တွင်း စားသုံးသူဈေးကွက်မှ မည်မျှဝင်ငွေနှင့် အမြတ် ရနိုင်သည်ကို သန်း ၆၀ စာရင်းဖြင့် ကိုးကားတွက်ချက် လာခဲ့ ကြခြင်း ဖြစ်သည်။
“ဈေးကွက်ထဲမှာ ပါဝင်လှုပ်ရှားနေတဲ့ ကုမ္ပဏီတွေအတွက်တော့ ဒီကိန်းဂဏန်းက သူတို့ရဲ့ အမြတ်ရနိုင် စွမ်းနဲ့ အနည်းဆုံး ဘယ်လောက်တော့ရမယ်ဆို တဲ့အပေါ် အကျိုး သက်ရောက်သွားစေတာပေါ့”ဟု နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း၏ မြန်မာဌာနေ ကိုယ်စားလှယ် ဗီကရမ်ကုမာက ပြောသည်။
ယင်းကော်ပိုရေးရှင်းမှာ ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိကကဏ္ဍကို အာရုံစိုက်ထားသော လုပ်ငန်း ခွဲဖြစ်သည်။ဖွံ့ဖြိုး ဆဲနိုင်ငံများအတွင်းသို့ဝင်ရန်တာစူနေသောကုမ္ပဏီများအ တွက် ငွေေ ကြးဖြင့်လည်း အကူအညီအထောက် အပံ့ပေးရန် ဆောင်ရွက်ပေးနေသော အဖွဲ့အ စည်း ဖြစ်သည်။
ဥပမာအားဖြင့် အူရီးဒူးနှင့် တယ်လီနော တို့ကဲ့သို့ ဆက်သွယ်ရေးကုမ္ပဏီများ သည် မြန်မာနိုင်ငံ၏ဈေးကွက် သစ်တွင် မိမိတို့၏ တယ်လီဖုန်းဝန်ဆောင်မှုကို ဘယ်မျှအထိပေးနိုင်စွမ်းရှိမည်ကို လူဦးရေ သန်း ၆၀ ဟူ သော ခန့်မှန်းချက်ကိုအသုံးပြု၍ တွက်ချက်ထားကြခြင်းဖြစ်သည်။
ယခုအချိန်တွင် ယင်းကုမ္ပဏီများသည် အနည်းဆုံးရရှိနိုင်သည့်အမြတ်ကို ပြန်တွက် ရတော့မည်ဖြစ်သည် ဟုမစ္စတာကုမာက ပြောသည်။ လောလောဆယ်တွင် ရင်းနှီးမြှုပ်နှံထားကြသော ကုမ္ပဏီများက မြန်မာ နိုင်ငံ၏ လူဦးရေလျော့နည်းသွားသည့် ကိစ္စနှင့်ပတ်သက်၍ သဘောထားမှတ်ချက် မပေးကြသေးပေ။
မြန်မာအစိုးရက လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းဆွဲဆောင်နေသည့် နိုင်ငံတကာ လုပ်ငန်းရှင်အသစ် တို့နှင့် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြသောစီး ပွားရေးလုပ်ငန်းများအနေဖြင့်လည်း နည်းသွားသော လူဦး ရေအပေါ်အခြေခံ၍ ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှုအရွယ်အစားပမာဏနှင့် လုပ်ငန်းလျာထားချက် များကို ပြန် လည် စဉ်းစားသွားရတော့မည်ဖြစ်သည်။
No comments:
Post a Comment