ABC
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေတဲ့ မြန်မာနိုင်ငံ သားတွေ ကို နှစ်လ အတွင်း ပြန်လည် ခေါ်ယူဖို့ မြန်မာ အစိုးရက တနင်္ဂနွေနေ့က သဘောတူတဲ့ အကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသား အဖြစ် အသိအမှတ် ပြုထား သူတွေကို မြန်မာ အစိုးရက ပြန်လည် ခေါ်ယူမှာဖြစ်ပြီး ဒါဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည် လုပ်ဆောင် ခြင်းဖြစ် တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Prathom သတင်းမှာ ဖော်ပြ ထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မြန်မာနိုင်ငံသား ၃၂၀၀၀ ရှိကြောင်း တရားဝင် စာရင်းအရ သိရပြီး အဲ့ဒီထဲက လူပေါင်း ၂၄၀၀ ကျော်ကို ပထမဆုံး ပြန်လည် ခေါ်ယူမှာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လာမယ့်နှစ်မှာ ကျင်းပမယ့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး အဆင့် ဆွေးနွေးပွဲမှာ ပြန်လည် ဆန်းစစ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ထိန်းသိမ်း ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အယောက်ပေါင်း ၁၉၀ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြန်ပို့ဖို့နဲ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင် အတွင်းက မြန်မာနိုင်ငံသား အယောက်ပေါင်း ၁၁၀ ကို ပြန်လည်ခေါ်ယူဖို့ ကိစ္စတွေကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ လူကုန်ကူးမှုတွေကို ပူးပေါင်း တိုက်ခိုက်ဖို့ လည်း သဘောတူ ခဲ့ကြသလို သဘာဝ ဓာတ်ငွေ့အစရှိတဲ့ စွမ်းအင် ပိုင်းဆိုင်ရာ မှာလည်း ပိုမိုပူးပေါင်းမှု လုပ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လေးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

No comments:
Post a Comment