Wednesday, September 3, 2014

ကမ္ဘာလှည့်ခရီးသည်တွေကို မြန်မာ e-visa စတင် ထုတ်ပေး

ABC

မြန်မာနိုင်ငံကို ​ကမ္ဘာလှည့်ခရီးသည်တွေ ​အလွယ်တကူ ​လာရောက်လည်ပတ်နိုင်ဖို့အတွက် ​အင်တာနက်ရှိတဲ့နေရာတိုင်းကနေ ​ပြည်ဝင်ခွင့်ဗီဇာလျှောက်နိုင်မယ့် ​ဝန်ဆောင်မှုကို ​မြန်မာအစိုးရက ​မနေ့က ​စတင်လိုက်ပါပြီ။

နိုင်ငံပေါင်း ​၄၁ ​နိုင်ငံက ​ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ​ဒေါ်လာ ​၅၀ ​ပေးပြီး ​e-visa ​တွေကို ​လျှောက်ထားနိုင်တာဖြစ်ပြီး ​၂၈ ​ရက် ​ကြာ ​မြန်မာ ​နိုင်ငံမှာ ​နေထိုင်ခွင့် ​ရမှာ ​ဖြစ်ပါတယ်။

အဲဒီဗီဇာကို ​လျှောက် ​ထားပြီး ​၅ ​ရက်အတွင်း ​ပြည်ဝင် ​ခွင့်ရမရ ​သိရမှာ ​ဖြစ်သလို ​ကြိုက် ​တဲ့ ​နေရာ ​ကနေ ​လျှောက်နိုင် ​တဲ့အတွက် ​ကမ္ဘာလှည့် ​ခရီးသည်တွေ ​များလာနိုင် ​တယ်လို့ ​မျှော်လင့် ​နေကြပါတယ်။

မြန်မာ ​အစိုးရ ​ကလည်း ​၂၀၁၄-၂၀၁၅ ​ခုနှစ် ​အတွင်း ​ကမ္ဘာလှည့် ​ခရီးသည် ​အယောက်ပေါင်း ​၅ ​သန်းလောက် ​လာရောက် ​လည်ပတ်ဖို့ ​ပစ်မှတ်ထား ​နေတာဖြစ်ပါတယ်။

အဲဒီ ​e-visa ​အစီအစဉ် ​အတွက် ​ဒေါ်လာ ​၁၇ ​သန်း ​ကုန်ကျခံခဲ့တာဖြစ်ပြီး ​နိုင်ငံ ​တကာသုံး ​အကြွေးကဒ်တွေ ​ကိုလည်း ​အသုံးပြုနိုင်ပြီ ​ဖြစ်ပါတယ်။

ဒါပေမယ့် ​အဆိုပါ ​e-visa ​တွေဟာ ​နိုင်ငံခြားသား ​ခံယူလိုက်ပြီ ​ဖြစ်တဲ့ ​မြန်မာ ​နိုင်ငံသား ​ဟောင်းတွေ ​အတွက်မဟုတ်ပဲ ​မြန်မာနိုင်ငံ ​သား ​ဖြစ်ခဲ့ဖူးသူတွေ ​ကတော့ ​ထုံးစံအတိုင်း ​အနည်းဆုံး ​တစ်လကြာ ​ကြိုတင် ​ပြည်ဝင်ခွင့် ​လျှောက်ထားရမှာ ​ဖြစ်ပါတယ်။

No comments: