ကေဇူး
နိုင်ငံရေးဖြစ်စဉ်များတွင် တပ်မတော်ကို ဘေးဖယ်ထားခြင်းသည် တပ်မတော်က အစိုးရ နှင့် လူထုကို ပုန်ကန်စေသည့် အချက်တစ်ခုဖြစ်သည်ဟု အမေရိကန်နိုင်ငံ Texas တက္ကသိုလ်မှ ပါမောက္ခ Zoltan Barany က ပြောကြားလိုက်သည်။
အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်သော လူထု အုံကြွမှုဖြစ်စဉ်များတွင် စစ်တပ်များ၏ တုံ့ပြန်မှု နှင့် ပတ်သက်သော ဟောပြောပွဲ၌ တက္ကဆက်တက္ကသိုလ်မှ ပါမောက္ခ၊ နေတိုးတပ်ဖွဲ့၏ သုတေသနအဖွဲ့ဝင် Zoltan Barany က ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
“စစ်တပ်ကို ဘေးဖယ်ထားတာမျိုးလုပ်ရင် တပ်က ပုံကန်တာမျိုးဖြစ်တတ်တယ်၊ တပ်မတော်ကို အစိုးရက နေရာပေးခြင်း၊ ဂုဏ်ပြုပေးခြင်းတွေ လုပ်ပေးခြင်းအားဖြင့် စစ်တပ်နဲ့ ပြည်သူ တစ်သားတည်းဖြစ်လာတာမျိုးဖြစ်လိမ့်မယ်” ဟု ပါမောက္ခ Zoltan Barany က ဆိုသည်။
ထို့ပြင် နိုင်ငံရေးဖြစ်စဉ်၌ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် နှစ်ဆယ့်ငါး ရာခိုင်နှုန်း ပါဝင်နေခြင်းနှင့် ပတ်သက်၍ ၎င်းက “ရေရှည်ကိုကြည့်ပြီး နေရာပေးထားသင့်တယ်" ဟု မှတ်ချက်ပြုသည်။
မြန်မာစစ်တပ်တွင် နိုင်ငံတကာ အခြေအနေများနှင့် ကွဲပြားသည့် စီပွားရေးလုပ်ကိုင်ခွင့်များကို စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များက လုပ်ပိုင်ခွင့် ရရှိထားခြင်းသည်လည်း အချို့နိုင်ငံများတွင် စစ်တပ်ကို အစိုးရက လုံလောက်သော ထောက်ပံ့မှုများ မရှိခြင်းကြောင့် ဖြစ်သည့် နိုင်ငံများလည်းရှိခဲ့သည် ဟုဆိုသည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ အကြံပေးအဖွဲဝင် ဦးကိုကိုကြီးက “စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို နားလည်မယ်ဆိုရင် ကျွန်တော် တို့ နိုင်ငံရဲ့ ပြသနာအများစုကို ဖြေရှင်းနိုင်မယ်”ဟု သုံးသပ်သည်။
မြန်မာ စစ်တပ်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံရေး လှုပ်ရှားသူများအနေဖြင့် အပြောင်းအလဲ ဖြစ်စဉ်များကို အချိန်ယူ ဆောင်ရွက်သင့်သည်ဟု ဆိုသည်။
ပါမောက္ခ Zoltan Barany သည် နေတိုးတပ်ဖွဲ့၏ သုတေသနအဖွဲ့၌ နိုင်ငံတကာ အဆက်ဆံရေးကောင်စီဝင် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး လူထုအုံကြွမှုများကို နိုင်ငံတကာစစ်တပ်များ၏ တုံ့ပြန်မှုများကို သုနေသနာပြုနေသူဖြစ်သည်။
No comments:
Post a Comment