Saturday, October 4, 2014

အသတ်ခံခဲ့ရသည့် ကေအင်န်ယူတပ်သားကိစ္စ ဖြေရှင်းရန်တောင်းဆို

ဟိန်းကိုစိုး

ပဋိပက္ခများအကြား အသတ်ခံခဲ့ရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) တပ်သားသေဆုံးမှုကို ဥပဒေကြောင်းအရ ဖြေရှင်းပေးရန် ဥပဒေအထောက် အကူပြုကွန်ရက်က တောင်းဆိုလိုက်သည်။

အဆိုပါ သေဆုံးမှုအတွင်း သံသယရှိသူ နယ်ခြားစောင့်တပ်သား ငါးဦးအား အရပ်ဘက်ဆိုင်ရာ သို့မဟုတ် စစ်ဘက်ဆိုင်ရာ တရားရုံး တင်ပို့ကာ မျှတမှုရှိသည့် တရားစီရင်မှုကို ရထိုက်သည်ဟု အောက်တိုဘာ ၁ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် ခြင်းဖြစ်သည်။

“ကေအင်န်ယူအနေနဲ့ ကျဆုံးရဲဘော်အတွက် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားတယ်။ အဲဒီအတွက်လည်း စစ်ဆေးနေတယ်လို့ ပြောတယ်။ သိတော့မသိရသေးပါဘူး” ဟု ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် က မဇ္ဈိမကို ပြောသည်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် ကရင်ပြည်နယ် မြ၀တီမြို့တွင် ကေအင်န်ယူ တပ်သား စောတာနို ဆို သူကို တပ်မတော် လက်အောက်ခံ နယ်ခြားစောင့်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် စက်တင်ဘာ ၂၂ ရက် တွင် သောင်းရင်းမြစ်ကမ်းဘေး၌ ၎င်း၏ အလောင်းကိုဆယ်ယူရရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

No comments: