အောင်သူရထွန်း
ဒက္ခိဏခရိုင်တရားသူကြီး လာဘ်စားသည်ဟုဆိုကာ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
တစ်ကိုယ်တော် ဆန္ဒပြသူ ဦးဖြိုးဝေကျော်မှာ ဒက္ခိဏခရိုင်တရားရုံး တရားမမှုအမှတ်- ၅/၂၀၁၃ ဟု ခေါင်းစဉ် တပ်ထားသော ဗီနိုင်းပေါ်တွင် အဂတိလိုင်စားသော ခရိုင်တရားသူကြီး ဦးဌေးအောင်အား အလိုမရှိကြောင်းနှင့် အမှုသည်နှင့် တရားသူကြီးကြား လာဘ်ငွေ တောင်းခံပေးနေသော ရှေ့နေ အလိုမရှိကြောင်းလည်း ဖော်ပြပါရှိသည်။
“မနက် ကိုးနာရီဝန်းကျင်လောက်က ဦးဖြိုးဝေကျော် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့တယ်၊ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် အရေးယူထားပြီး ညနေပိုင်းမှာတော့ အာမခံရလို့ ပြန်လွတ်ပေးလိုက်ပါတယ်” ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့တာဝန်ရှိ သူတစ်ဦးက မဇ္ဈိမကို ပြောသည်။
သမ္မတကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်သော နေပြည်တော်၌ ငြိမ်းစုစီ ဥပဒေထွက်ရှိပြီး ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်ကလည်း ဒုတိယအကြိမ် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ကာ ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။
No comments:
Post a Comment