Wednesday, October 22, 2014

ဖယောင်းတိုင်ထွန်း ဆန္ဒပြသူ ဦးဝင်းချို လွတ်ပြီ

မင်းဟိန်းထက်

မီတာခ တိုးမြှင့်ကောက်ခံခြင်းမပြုရန် ဖယောင်းတိုင် ထွန်းဆန္ဒပြမှုကြောင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် သုံးလ ချမှတ်ခံရသူ ဦးဝင်းချိုသည် အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။

“ဒီနေ့မနက်ပဲ လွတ်ရက်ပြည့်လို ပြန်လွတ်ပါတယ်”ဟု ၎င်းက မဇ္စျိမကို ပြောသည်။

လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူသည်းဖြစ်သူ ဦးဝင်းချိုသည် ဇန်န၀ါရီလ ၈ ရက်က ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်တရားရုံးက ခွင့်ပြုချက်မရှိဟုဆိုကာ သြဂုတ် ၂၅ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းကို အယူခံတင်သွင်းရာတွင် ထောင်ဒဏ် နှစ်လသို့ ပြောင်းလဲပေးခဲ့သည်ဟု ကာယကံရှင်က ပြောသည်။

No comments: