Saturday, October 25, 2014

မြန်မာကို လိမ်ညာတဲ့ ထိုင်းကုမ္ပဏီ အရေးယူခံရ

ABC

မြန်မာအလုပ်သမား ​အယောက် ​၂၀၀၀ ​ကျော်ကို ​အစုရှယ်ယာတွေ ​ဝင်ခိုင်းပြီး ​ငွေကြေးတွေ ​လိမ်လည်သွားတဲ့ ​ထိုင်းနိုင်ငံက ​စန်ကျောင်ပင် ​ကုမ္ပဏီ ​အမှုထမ်းတွေကို ​ထိုင်းအာဏာပိုင်တွေက ​အရေးယူလိုက်ပြီ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေဆီကနေ ​တစ်ယောက်ကို ​အနည်းဆုံး ​ထိုင်းဘတ်ငွေ ​တစ်သောင်းကျော် ​ယူပြီး ​အစုထည့်ဝင်စေခဲ့ပါတယ်။

ပထမ ​ပိုင်း ​ငါးလမှာ ​အမြတ် ​အစွန်း ​ရကြပေမယ့် ​နောက်ပိုင်းမှာ ​ပြဿနာဖြစ်ပြီး ​ကုမ္ပဏီကို ​ဆက်သွယ်လို့ ​မရ ​ဖြစ်နေခဲ့တာပါ။

အလုပ်သမားတွေက ​တွဲလက်ညီအဖွဲ့နဲ့ ​မြန်မာနိုင်ငံသားများ ​အဖွဲ့တွေကို ​ဆက်သွယ် ​အကူအညီတောင်းပြီး ​မြန်မာ ​အာဏာပိုင်တွေ၊ ​ထိုင်းအာဏာပိုင်တွေကို ​တိုင်ကြားရာက ​အရေးယူမှု ​ဖြစ်လာတာပါ။

မြန်မာတွေ ​အလိမ်ခံရတဲ့ ​ငွေကြေးဟာ ​ထိုင်းဘတ်ငွေ ​စုစုပေါင်း ​နှစ်ဆယ့်ကိုးသန်း ​ကျော်တယ်လို့လည်း ​သိရပါတယ်။

အဲဒီ ​ကုမ္ပဏီမှာ ​အစုရှယ်ယာ ​၂၀ ​လောက် ​ထည့်ထားတဲ့ ​မြန်မာ ​တစ်ဦးကလည်း ​သူအလိမ်ခံရတဲ့အကြောင်းတွေကို ​ပြောပြထားပါတယ်။

No comments: