ခင်မြတ်မြတ်ဝေ
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြဿနာတွင် ဘိန်းစိုက်ပျိုးမှုပြီးလျှင် ဒုတိယအကြီးဆုံး ရင်ဆိုင်နေရသည်မှာ စိတ်ကြွဆေးပြား ပြဿနာဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှစ် (၅၀) ပြည့် ရွှေရတု အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထာသည်။
"နိုင်ငံအနေအထားအရ ဓါတုပစ္စည်းထုတ်လုပ်သော နိုင်ငံကြီး (၂) ခု အကြားတွင်ရှိပြီး နယ်စပ်ဒေသများ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဝေးလံခေါင်းပါးမှု၊ နယ်မြေဒေသ မတည်ငြိမ်မှုများ ရှိနေသည်ကို အခွင့်ကောင်းယူပြီး ၎င်း အမှုများကို ကျူးလွန်နေကြခြင်းဖြစ်တယ်" ဟု ရဲချုပ်ဇော်ဝင်း၏ သဝဏ်လွှာတွင် ဆိုထားသည်။
ယင်းအမှုများကို လျှော့ချနိုင်ရန် မူးယစ်ဆေးဝါးပပျောက်ရေး တပ်ဖွဲ့အဆင့် တိုးချဲ့ထားပြီး မူးယစ်ဆေးဝါး အန္တရာယ်ရှိဒေသများတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အထူးစစ်ဆင်ရေးများကိုလည်း အလေးထားဆောင်ရွက်နေကြောင်းနှင့် မူးယစ်ဆေးဝါထုတ်လုပ်သည့် ပင်ရင်းများကို ဖြိုခွင်းနိုင်အောင် ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။
ရန်ကုန်တိုင်းတွင်မူ အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တွင် တပ်ဖွဲ့စု နှစ်ခုထားပြီး ယခုအခါ မူးယစ်တပ်ဖွဲ့ခွဲအတွက် ဒုရဲမှူးကြီးကိုယ်တိုင် ထိုင်ကာ တပ်ဖွဲ့ ၅ ဖွဲ့ အင်အားတိုးထားသည်ဟု ဆိုသည်။
"မူးယစ်ဆေးဝါး စိမ့်ဝင်တာလည်းများတယ်။ ကျွန်တော်တို့ဖမ်းတာ မနှစ်ကထက်စာရင် ဒီနှစ်ကွာပါတယ်။ လစဉ်လအလိုက် မဖမ်းဘူးဆိုရင် တစ်လတစ်လ အမှုသုံးလေးဆယ်ရပါတယ်။ ဖမ်းမိတာ အမှုများလားတယ်" ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထွေးက ပြောသည်။
မူးယစ်ဆေးဝါးပြဿနာသည် ဘိန်းစိုက်ပျိုးမှုပြဿနာတစ်ခုတည်း မဟုတ်တော့ဘဲ ၁၉၉၆ ခုနှစ်မှစတင်ပြီး စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် အခြားစိတ်ပြောင်းဆေးအသစ်များပြဿနာများက ထပ်မံကြီး ထွားလာသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇွန်လ ၁၆ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၉၉- ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃- ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်း အကောင်အထည်ဖော်ခဲ့ရာ ၂၀၀၆ ခုနှစ် အထိ ဘိန်းစိုက်ပျိုးမှု သိသိသာသာကျ ဆင်းခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှ စတင်၍ ပြန်လည်မြင့်တက်လာခဲ့သည်ဟု ဒု-ဝန်ကြီး က ဆိုသည်။
သို့သော် စီမံကိန်းစတင်သည့် ၁၉၉၉- ၂၀၀၀ ပြည့်နှစ်တွင် ဘိန်းစိုက်ပျိုး ဟက်တာ ၁၀၈,၇၀၀ ရှိခဲ့ပြီး ၂၀၁၂- ၂၀၁၃ ခုနှစ် တွင် ဟက်တာ ၅၇,၈၀၀ သာ စိုက်ပျိုးခဲ့ သည့်အတွက် ဘိန်းစိုက်ပျိုးမှု ၄၆ ဒသမ ၉ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်ဟု ပြောသည်။
၂၀၁၃ ခုနှစ်အတွင် ဘိန်း ၂၃ ၅၆ ကီလို၊ ဘိန်းဖြူ ၂၃၈ ကီလို၊ စိတ်ကြွဆေးပြား ၁၀ သန်းကျော်၊ အိုက်စ် ၁၇၃ ကီလို၊ ကဖင်း ၁၃ ၄၈၂ ကီလိုနှင့် ဆူဒိုအက်ဖီဒရင်း ၃၅၈၀ ကီလို ဖမ်းဆီးရမိ ခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် UNODC ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ဆင်းရဲ မွဲတေမှုနှင့် ပြည်တွင်း ပဋိပက္ခများကြောင် ဟု ဆိုသည်။
ကမ္ဘာ့လူဦးရေ၏ အရွယ်ရောက်သူ သန်း၂၃၀ ကျော်သည် မူးယစ်ဆေးဝါးကို တစ်ကြိမ်သုံးစွဲခဲ့ဖူးသူ များဖြစ် ပြီး ၂၇ သန်းခန့်မှာ မူးယစ်ဆေးဝါးစွဲနေကာ နှစ်စဉ်လူရှစ်သိန်းခန့် သေဆုံးနေသည်ဟု ၂၀၁၂ကမ္ဘာ့မူး ယစ်ဆေးဝါးဆိုင်ရာ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။မစ္စတာ ဂျွန်အဲရစ်ဂျန်ဆန်က ဦးဆောင်ဆွေးနွေးနေခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် ဖြစ်ရပ်လေ့လာမှုများ၊ ဆွေးနွေးတင်ပြမှုများ၊ ဗီဒီယိုပြသခြင်းနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ရဲလုပ်ပိုင်ခွင့်အား ချင့်ချိန်ကျင့်သုံးပုံကို ဆွေးနွေးမည်ဖြစ်သည်။
အလားတူ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ၂၀၁၃ ခုနှစ်အတွင်းက ကျင်းပခဲ့သေးသည်။
No comments:
Post a Comment