Monday, October 27, 2014

ရခိုင်ပြည်နယ်က ထွက်ခွာသူ တစ်သိန်းလောက်ရှိပြီ

ABC

မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်မှာ ​လူမျိုးရေး ​ဘာသာရေးဆန်တဲ့ ​ပဋိပက္ခ ​ဖြစ်ပွားခဲ့တာ ​နှစ်နှစ်ကျော်သွားပြီ ​ဖြစ်ပေမယ့် ​ရိုဟင်ဂျာတွေဟာ ​အိမ်နီးချင်းနိုင်ငံဆီ ​ထွက်ခွာနေဆဲ ​ဖြစ်ပြီး ​အခုဆိုရင် ​ဒီနှစ်အတွင်း ​အယောက်ပေါင်း ​တစ်သိန်းလောက် ​ရှိသွားပြီလို့ ​စောင့်ကြည့်ရေးအဖွဲ့က ​ပြောပါတယ်။

Arakan ​Project ​အဖွဲ့က ​Chris ​Lewa ​ရဲ့ ​အဆိုအရ ​နေ့စဉ်နေ့တိုင်း ​ရခိုင်ပြည်နယ်က ​လူပေါင်း ​၉၀၀ ​လောက်ဟာ ​သင်္ဘောတွေနဲ့ ​ထွက်ခွာနေကြပြီး ​အဲဒီလို ​ထွက်ခွာနေတာကြောင့် ​တပါတ်ကျော်အတွင်း ​လူအယောက်ပေါင်း ​တစ်သောင်းနှုန်းလောက် ​မြန်မာနိုင်ငံကနေ ​ထွက်ခွာနေကြတာလို့ ​ဆိုပါတယ်။

အရင်တုန်းက ​ရိုဟင်ဂျာတွေကို ​လာရောက်ခေါ်ဆောင်တဲ့ ​သင်္ဘော ​အနည်းငယ်သာ ​ရှိတဲ့အတွက် ​စောင့်ကြည့်လေ့လာမှု ​လုပ်နိုင်ပေမယ့် ​အခုအခါမှာ ​သင်္ဘောတွေ ​ပိုများလာလို့ ​သေချာ ​စောင့်ကြည့်တာတွေ ​မလုပ်နိုင်တဲ့အတွက် ​မြန်မာနိုင်ငံကနေ ​ထွက်ခွာသူ ​ဒီထက်မက ​ပိုများနိုင်တယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံကနေတဆင့် ​မလေးရှားနဲ့ ​တခြားနိုင်ငံကို ​သွားရောက်တာ ​ဖြစ်ပေမယ့် ​အဲဒီနိုင်ငံတွေမှာလည်း ​နိုင်ငံသား ​ရရှိခြင်း ​မရှိပါဘူး။

တချို့ဆိုရင် ​အဲဒီလို ​သွားရင် ​လူကုန်ကူး ​သူတွေနဲ့ ​တွေ့ပြီး ​အမြတ်ထုတ် ​အနိုင်ကျင့်ခံရတာတွေ ​ရှိတယ်လို့လည်း ​Chris ​Lewa ​က ​ပြောပါတယ်။

No comments: