သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၉ ဦး အနက် အနည်းဆုံး ၆ ဦး အနိုင်ရရှိကြောင်း စုံစမ်းသိရှိရပါသည်။“ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အဆင့်ယှဉ်ပြိုင်တဲ့ နန်းဝါနုအသက် ၃၂ နှစ် က ၈၂၅၅ မဲနဲ့ ပြိုင်ဖက်ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်လောင်း စိုင်းဖုန်းခေါင် ကို အပြတ်အသတ်အနိုင်ရတယ် ” ဟု ကွန်ဟိန်းကျားဖြူ ပါတီကိုယ်စား လှယ်လောင်းတစ်ဦးက ပြောပါသည်။
ပြည်နယ်လွှတ်တော်အသီးသီး၌ ယှဉ်ပြိုင်ကြသည့် အမျိုးသမီးများမှာ မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အသက် ၆၂ နှစ် နန်းငွေငွေ၊ နမ္မတူမြို့နယ် အမှတ်(၂)မှ အသက် ၄၅ နှစ် နန်းခမ်းအေး၊ မိုင်းယောင်းမြို့နယ် အမှတ် (၂) မှ အသက် ၆၁ နှစ် နန်းမြမြလွင်၊ မိုင်းကိုင်မြို့နယ် အမှတ်(၂)မှ အသက် ၂၆ နှစ် နန်းခမ်းပိုင်းနဲ့ လဲချားမြို့နယ် အမှတ်(၁)မှ အသက် ၂၅ နှစ် နန်းအက်စ်ကီးမိုး တို့ အသီးသီးအနိုင်ကြောင်း ရန်ကုန်ကျားဖြူရုံးချုပ်က ပြောပါသည်။
“အမျိုးသားလွှတ်တော်အဆင့် ယှဉ်ပြိုင်တဲ့ နန်းငွေမြ ကတော့ မိုင်းယောင်းမြို့နယ်မှာ ၉၇၅၆ မဲနဲ့ အနိုင်ရထားတယ်။ တာချီလိတ်နဲ့ တခြားမြို့နယ်က ထပ်စောင့်ကြည့်ရအုံးမယ်” ဟု SNDP ရုံးချုပ်ကပြောပါသည်။
ကျားဖြူပါတီမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် အမျိုးသားလွှတ်တော် ၁ ဦး၊ ပြည်သူ့လွှတ် တော် ၁ ဦး၊ ပြည်နယ်လွှတ်တော် ၆ ဦးနှင့် ကချင်ပြည် သျှမ်းလူနည်းစုလွှတ်တော် ၁ ဦးတို့ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
No comments:
Post a Comment