Tuesday, November 9, 2010

မတူပီမြို့နယ်တွင် ချင်းမျိုးနွယ်စုပါတီ အီးအဲန်ဒီပီ ကိုယ်စားလှယ်တဦး အနိုင်ရ

ခိုနုမ်းထုန် သတင်း၊ ၀၉ နိုဝင်ဘာ ၂၀၁၀

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ မဲဆန္ဒနယ်တွင် ချင်းမျိုးနွယ်စုပါတီတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီ ( အီးအဲန်ဒီပီ) ကပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်နေရာရရှိသွားသည်ဟု သိရသည်။

မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ်(၂ ) တွင် အီးအဲန်ဒီပီမှ ၀င်ရောက်အရွေးခံခဲ့သည့် ဦးဗန်ကျင်း ကအနိုင်ရရှိသွားခြင်းဖြစ်သည်။

ကျန်ရှိသည့်မဲဆန္ဒနယ်မြေအားလုံးကို ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရ ရှိသွားသည်ဟုသိရသည်။

ကြံ့ဖွံ့ပါတီကနေ အမျိုးသားလွှတ်တော်အဖြစ် ဦးအာမိ၊ ပြည်သူ့လွှတ်တော်အဖြစ် ဒေါက်တာ ရိုအုပ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ(၁)တွင် ဦးအုန်းလွင်တို့ကအနိုင်ရရှိသွားကြသည်ဟုသိရသည်။

မတူပီမြို့နယ်တွင် ယူအက်စ်ဒီပီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အဲန်ယူပီ၊အဲန်ဒီအက်ဖ် နှင့် အီးအဲန်ဒီပီ ပါတီတို့ အသီး သီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ယူအက်စ်ဒီပီပါတီက နေရာအများဆုံးရရှိခြင်းသည် ကြိုတင်မဲကြောင့်ဖြစ်သည်ဟု လည်း သိရသည်။

” ၀န်ထမ်းတွေက မဲမထည့်နိုင်သူတွေရဲ့ မဲပြားကို ယူပြီးထည့်တာတွေများနေတယ်” ဟု ဒေသခံတွေက ပြောကြသည်။

အလားတူချင်းပြည်နယ်အထက်ပိုင်း တွန်းဇံမြို့နယ်နှင့် ပလက်ဝမြို့နယ်တွင်ကြံ့ဖွံ့ပါတီက ထိပ်ဆုံးက ဦးဆောင်နေ ကြောင်း သိရသည်။

No comments: