Wednesday, November 3, 2010

လဲချားမြို့ သမိုင်းဝင်စေတီတော်ကြီး မိုးကြိုးပစ်ခံရ

မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ရှိ သမိုင်းဝင်ကောင်းမူးနာမ်မိန်း ရှေးဟောင်းစေတီတော်ကြီး မိုးကြိုးမှန်ကြောင်း လဲချား ဒေသခံတစ်ဦးက ပြောပါသည်။

“အောက်တိုဘာ ၂၇ ရက် မနက်အစောကြီး ကောင်းမူးနာမ်မိန်းကို မိုးကြိုးပစ်တာ။ အပေါက် ကြီးဖြစ်သွား တယ်” ဟု လဲချား ကုန်သည်တစ်ဦးကပြောပါသည်။

အနီးအနားရှိ လျှပ်စစ်ဓါတ်အားထိန်းစက်တစ်လုံးပျက်ကာ ဖုန်းလိုင်းများ၊ လျှပ်စစ်မီးကြိုးများလည်း ပြတ်တောက်သွား ကြောင်း၊ ယခုအချိန်ထိ လျှပ်စစ်မီး၊ ဖုန်းလိုင်းများပြတ်တောက်နေသေးကြောင်း ၎င်းကဆက် ပြောပါသည်။

“ရှေးဟောင်းတန်ခိုးကြီးဘုရားဆိုတော့ မြို့ခံတွေက အမြတ်တနိုး အလေးထားတာပေါ့။ စေတီတော်မှာ (အင်းဆန်) နှီးဘုရား ရုပ်ပွါးတော်လဲရှိတယ်” ဟု အသက် ၂၅ နှစ် လဲချားသူတစ်ဦးကပြောပါသည်။

ရှေးဟောင်းစေတီပျက်တစ်ဆူမှ ဘုရားတစ်ဆူတူးဖော်ပင့်ဆောင်ပြီး ကောင်းမူးနာမ်မိန်းစေတီ တည် ထားခြင်းဖြစ် ကြောင်း၊ လဲချားဈေးတောင်ဘက် ပင်လုံမြို့အထွက် လမ်းမကြီး ဘေး၌ တည်ရှိကြောင်း ၄င်းကပြောသည်။

လဲချားမြို့မှ မိုင်းကိုင်သို့အထွက် လမ်းမကြီးဘေးတွင်လည်း တန်ခိုးကြီးပြီးထင်ရှားသည့် နှစ်ပေါင်းရာချီ ရှေးဟောင်း သမိုင်း ၀င် ဘုရားကြီးရှိသည်။

No comments: