Tuesday, November 9, 2010

မဲဆောက် ဒုက္ခသည်များ အခြေအနေ

မဇ္ဈိမသတင်းဌာန


မြဝတီစစ်ပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး မဲဆောက်ရောက် မဇ္စျိမ သတင်းထောက် ကိုဟောင်ဆာကို ဆက်သွယ် မေးမြန်းထားပါတယ်။ ၁၅,ဝဝဝ ခန့်ရှိတဲ့ ဒုက္ခသည်များ လုံခြုံရေးအတွက် ထိုင်းစစ်တပ် ၃-၄ထပ်ချထားလို့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။ လူအများစုက ကွင်းလယ်ခေါင်မှာ စုဝေးနေကြပြီး ထိုင်းစစ်တပ်က အစာနဲ့ရေ ဝေငှပေးသလို မဲဆောက် မယ်တော်ဆေးခန်းက ကျန်းမာရေး စောင့်ရှောက်ပေးတယ်လို့ ဆိုပါတယ်။ အသေအပျောက်၊ နှစ်ဖက် တပ်အင်အားနဲ့ စတင် ပစ်ခတ်ပုံ အသေးစိတ်ကို စုံစမ်းလို့ မရသေးကြောင်းလဲ ဆိုပါတယ်။ အသေးစိတ် ဆက်လက် ပေးပို့ပါမယ်။

No comments: