Saturday, June 18, 2011

အပစ်ရပ်ရန် ကေအိုင်အိုကို ကမ်းလှမ်း

အေး​နိုင်

စစ်အစိုး​ရလက်ထက် ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ သိန်း​ဇော်က ​စေလွှတ်တဲ့​ အဖွဲ့​တဖွဲ့​ဟာ ​ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ​ရောက်ရှိ​နေပြီး​ အစိုး​ရနဲ့​ ​ကေအိုင်အိုအကြား​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်ဖို့​ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေကို တင်ပြ​ပြောဆို​နေပါတယ်။

မြစ်ကြီး​နား​သား​ ဦး​သိန်း​ဇော်ဟာ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီ မြစ်ကြီး​နား​မြို့​ ပြည်သူ့​လွှတ်တော်ကိုယ်စား​လှယ်ဖြစ်သလို ကချင်ပြည်နယ် ပြည်ခိုင်ဖြိုး​ပါတီရဲ့​ တာဝန်ခံလည်း​ဖြစ်ပါတယ်။

သူ​စေလွှတ်လိုက်သူ​တွေက​တော့​ ကချင်အမျိုး​သား​ အတိုင်ပင်ခံအဖွဲ့​က ဦး​ဆင်ဝါး​ဦး​ဆောင်တဲ့​ ​လေး​ဦး​ပါအဖွဲ့​ဖြစ်ပြီး​ ဘာအ​ထောက်အထား​မှ ပါမလာဘူး​လို့​ ​ကေအိုင်အို တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​လနန်း​က​ပြောပါတယ်။

ဦး​သိန်း​ဇော်ဟာ ဒီလ ၁၅ ရက်နဲ့​ ၁၆ ရက်​တွေမှာ မြစ်ကြီး​နား​ကို​ရောက်လာပြီး​ ကချင်ပြည်နယ်ဝန်ကြီး​အဖွဲ့​နဲ့​တွေ့​ဆုံသလို ကချင်အမျိုး​သား​အကြံ​ပေး​အဖွဲ့​နဲ့​လည်း​ ​ဆွေး​နွေး​ပွဲ​တွေလုပ်တာကြား​ရပြီး​ ဒီက​နေ့​မှာ​တော့​ လိုင်ဇာဌာနချုပ်ကို အပစ်ရပ်​ရေး​ လူလွှတ်ကမ်း​လှမ်း​မှုဖြစ်လာတာလို့​ ဦး​လနန်း​က ​ပြောပါတယ်။

ကိုယ်စား​လှယ်အဖွဲ့​ကို မြန်မာအစိုး​ရက​ရော၊​ မြန်မာ့​တပ်မ​တော်ကပါ ​စေလွှတ်တာ မဟုတ်ဘဲ ပြည်ခိုင်ဖြိုး​ပါတီ​ခေါင်း​ဆောင်တဦး​က ​စေလွှတ်တာ ဖြစ်ပါတယ်။

တော်လှန်​ရေး​အဖွဲ့​အစည်း​တခုကို တိုက်ခိုက်ဖို့​ အမိန့်​ပေး​နိုင်တဲ့​ တာဝန်ရှိဆုံး​အဖွဲ့​ဟာ အမျိုး​သား​ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီသာဖြစ်ပါတယ်။

ဦး​သိန်း​ဇော်က ကိုယ်စား​လှယ်အဖွဲ့​က​နေ ​ကေအိုင်အိုထံကို ​လေး​ချက် ​ပြောပါတယ်​။ (၁) အစိုး​ရတပ်နဲ့​ အပစ်ရပ်ဖို့၊ (၂) အစိုး​ရတပ်ဘက်က တဖက်သတ် အပစ်ရပ်ထား​ပြီး​ပြီဆိုတဲ့​အချက်နဲ့​ တပ်လှုပ်ရှား​မှု မလုပ်ဖို့​ထိန်း​ထား​လိုက်ပြီဆိုတဲ့​အချက်​၊ (၃) ​ကေအိုင်အိုက သ​ဘောတူရင် ​နေရာတခုမှာ အပစ်ရပ်လက်မှတ်ထိုး​ဖို့​နဲ့​ (၄) ​ကေအိုင်အိုဘက်က သ​ဘောထား​ကို ​မေး​မြန်း​ချက်​တွေပဲ ဖြစ်ပါတယ်။

ကေအိုင်အိုဘက်က လာ​ရောက်တဲ့​အဖွဲ့​ဟာ (၁) ကိုယ်စား​လှယ်အဖြစ် တာဝန်လွှဲ တဲ့​ စာရွက်စာတမ်း​ အ​ထောက်ထား​ ပါမလာဘူး၊​ ​ (၂) ဦး​သိန်း​ဇော်ဟာ လက်ရှိအစိုး​ရအဖွဲ့​ဝန်ကြီး​မဟုတ်ဘူး၊ (၃) ​ရှေ့​တန်း​စစ်​မြေပြင်မှာ တိုက်ခိုက်ခြင်း​မပြုလုပ်ဖို့​​ ညွှန်ကြား​ချက် အမိန့်​စာ​တွေကို ပြပါဆိုတာကိုလည်း​ မပြသနိုင်ပါဘူး​ လို့​ ပြန်လည်​ပြောဆိုခဲ့​တယ်လို့​ ဆိုပါတယ်။

ကေအိုင်အိုဘက်က အရင်တုန်း​က အစိုး​ရဘက်က ကတိကဝတ် ​ဖောက်ဖျက်မှု​တွေအ​ပေါ် ​ထောက်ပြပြီး​ ယုံကြည်ဖို့ ခက်ခဲ​နေပါတယ်။

ဦး​လနန်း​က “ပါး​စပ်နဲ့​ ​ပြောလိုက်ရုံနဲ့​ ကျ​နော်တို့​ဘက်က ပြန်ပြီး​တော့​ လက်ခံမယ်ဆိုတဲ့​ သူတို့​ ယုံကြည်ချက်များ​ ရှိသလား​တော့​ မသိဘူး​။ ကျ​နော်တို့​လည်း​ ဒီ​ဒေသမှာ တိုက်ပွဲ​တွေ မဖြစ်​စေချင်ပါဘူး​။ ဒါ​ပေမယ့်​ သူတို့​ ​ပြောဆိုလာတဲ့​ အချက်​တွေမှာ ကျ​နော်တို့​ အများ​ကြီး​ သုံး​သပ်တာ​တွေ ​လေ့​လာဆန်း​စစ်တာ​တွေ လုပ်ရပါတယ်။ အရင်တုန်း​က ၉၄ ခုနှစ်တုန်း​ ကလည်း​ ကျ​နော်တို့​ အပစ်ခတ်ရပ်စဲ လုပ်ခဲ့​ကြတယ်။ ဒါ​ပေမယ့်​ အဲဒီ အပစ်ခတ်ရပ်စဲ​ရေး​ကလည်း​ ဘာမှ အရာမထင်ခဲ့​ဘူး​။ ဒါ​ကြောင့်​မို့​ အခုက​တော့​ အဓိက က​တော့​ ပထမအဆင့်​က​တော့​ သူတို့​ ​ပြောဆိုတဲ့​ အစိုး​ရတပ်ဘက်က အပစ်ခတ် ရပ်ဆိုင်း​တယ်ဆိုတဲ့​ သက်​သေအ​ထောက်အထား​ ကျ​နော်တို့​ လိုချင်တယ်။ အဲဒီ သက်​သေ အ​ထောက်အထား​ ခိုင်မာတယ်ဆိုရင် ကျ​နော်တို့​ဘက်ကလည်း​ ပြန်ပြီး​တော့​ စဉ်း​စား​ပါမယ်။ သူတို့​ကလည်း​ ပြန်ပြီး​တော့​ အပစ်ခတ်ရပ်ဆိုင်း​တာမျိုး​ ​ခေတ္တ ခဏ အတိုင်း​အတာ တခုအထိ အပစ်ခတ်ရပ်ဆိုင်း​တာမျိုး​ လုပ်မလား​ မလုပ်ဘူး​လား​ ဆိုတာ ​နောက်တဆင့်​ ​ကေအိုင်အို ဗဟို​ကော်မတီမှာ ဒီအဆင့်​ကို စဉ်း​စား​ရပါမယ်။ ​နောက်ပြီး​တော့​ သူတို့​ ဒီလို ​ပြောဆို​ပေမယ့်​ သူတို့​ရဲ့​ ဒီတပ်အင်းအား​ ထပ်ပြီး​တော့​ တိုး​လာတာ မရှိ​ပေမယ့်​ နဂိုရှိရင်း​စွဲ ​တောထဲမှာ ထည့်​ထား​တဲ့​ တပ်ရင်း​တပ်ဖွဲ့​တွေ အင်းအား​တွေက​တော့​ ပုံမှန်ပါပဲ။ အဆင်သင့်​ လုပ်ထားတဲ့​ ​သ​ဘော မြင်​တွေ့​ရတယ်။”

အခုလ ၉ ရက်​နေ့​က စလို့​ ​ကေအိုင်​အေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေစဖြစ်ပါတယ်၊​ ၁၃ ရက်​နေ့​ထိ တိုက်ပွဲကြီး​ဖြစ်ပြီး​ ​နောက်ပိုင်း​ တိုက်ပွဲငယ်​တွေသာ ဖြစ်ပွား​နေခဲ့​တာပါ၊​ ဒီက​နေ့​မှာ​တော့​ မိုး​ညှင်း​မြို့​နယ်ထဲမှာ ​ကေအိုင်​အေတပ်ဟာ ၂ လက်​အောက်ခံတပ်ရင်း​ (၅) နဲ့​ အစိုး​ရတပ်အကြား​ တိုက်ပွဲဖြစ်ပါတယ်။

တိုက်ပွဲ​တွေ​ကြောင့်​ ​ထောင်​ပေါင်း​များ​စွာ​သော စစ်​ပြေး​ဒုက္ခသည်​တွေဟာ မြစ်ကြီး​နား​ ဝိုင်း​မော်ဘက် စတဲ့​မြို့​တွေနဲ့​ တရုတ်မြန်မာနယ်စပ်ကို ထွက်​ပြေး​တိမ်း​ရှောင်​နေကြပါတယ်။

တရုတ်နိုင်ငံတွင်း​ကို စစ်​ပြေး​ဒုက္ခသည်​ထောင်နဲ့​ချီ ဝင်​ရောက်ပြီး​နောက်မှာ​တော့​ မြန်မာအစိုး​ရအ​ပေါ် ဩဇာရှိတဲ့​ တရုတ်အစိုး​ရက မ​နေ့​က သတင်း​စာရှင်း​လင်း​ပွဲလုပ်ပြီး​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ ​ဆွေး​နွေး​ဖြေရှင်း​ဖို့​ တိုက်တွန်း​ထား​ပါတယ်။

No comments: