Friday, November 18, 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမြန်မာပြည်သွားမည်

ဒီဗွီဘီ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန်အဆင့်မြင့် အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ တက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်စဉ် သမ္မတ အိုဘားမားက သောကြာနေ့မှာ ဒီသတင်းကို ပြောကြားခဲ့တာလို့ အမေရိကန် အရာရှိက ပြောပါတယ်။

သမ္မတအိုဘားမားဟာ​ကြာသပတေးနေ့ညက​ ​ဩစတေးလျနိုင်ငံ ဒါဝင်မြို့ ကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကိုအသွား​ ​မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းနဲ့​ ဆက်သွယ်​ စကားပြောခဲ့ပြီး​ ​မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို အားပေးဖို့ အမေရိကန်ရဲ့ စေ့စပ်ဆွေးနွေးရေးမူဝါဒကို​ ​ဒေါ်အာင်ဆန်းစုကြည်က​ ​ထောက်ခံတယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောပြီးနောက်မှာ သမ္မတအိုဘားမားက ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသွားဖို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ်တဦးအနေနဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထဆုံး သွားရောက်မယ့် ခရီးစဉ် ဖြစ်ဖို့ ရှိနေပါတယ်။

No comments: