Friday, April 13, 2012

ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ပြောဆို

မိုးမခအထောက်တော်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ ရောက်ရှိလာသော ဒေးဗစ်ကင်မရွန်း

မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားသည့် ဥရောပ နိုင်ငံ တို့၏ ဒဏ်ခတ် ပိတ်ဆို့ မှုများ ဆိုင်းငံ့ သင့်ကြောင်း ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ယနေ့ နေ့ခင်းပိုင်း ရန်ကုန်တွင် ရောက်စဉ် ပြောကြား လိုက်သည်။

နံနက်ခင်း ပိုင်းက နေပြည် တော်တွင် သမ္မတ ဦးသိန်းစိန်၊ ထို့နောက် ရန်ကုန်တွင် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့နှင့် သီးခြားစီ တွေ့ဆုံ အပြီး ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“မြန်မာ ပြည်အပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့ တာတွေကို ဆိုင်းငံ့ ဖို့အချိန် ရောက်ပြီလို့ ကျနော် ယူဆပါတယ် … ဆိုင်းငံ့ဖို့ ပြောတာ နော်၊ အဆုံး သတ်ဖို့ ပြောတာ မဟုတ် ပါဘူး” ဟု ဆိုသည်။

စစ်လက်နက် ပစ္စည်း ၀ယ်ယူမှု ပိတ်ပင်ခြင်းမှ အပ ကျန် ပိတ်ဆို့မှု များအား ဆိုင်းငံ့ ထားသင့်သည်ဟု ဒေးဗစ် ကင်မရွန်းက ဆိုသည်။


“လက်ရှိ အချိန်နဲ့ (ဦးသိန်းစိန် အစိုးရ သက်တမ်း ကုန်ဆုံးမယ့်) ၂၀၁၅ ကြား ထဲမှာ ခရီး ဆက်ရမှာ အရှည်ကြီး ကျန်နေ သေးတယ်။ ပွင့် ပွင့် လင်းလင်း ပြောပါ ရစေ၊ လုပ်စ ရာတွေ အများကြီး အများကြီး ကျန်နေ ပါသေး တယ်” ဟု ဒေးဗစ် ကင်မရွန်းက ပြောဆိုကြောင်း သူ၏ မြန်မာ ခရီးစဉ် အကြောင်း တိုက်ရိုက် ရေးသား တင်ဆက် လျက် ရှိသည့် The Guardian သတင်းစာ အင်တာနက် စာမျက် နှာတွင် ရေးထား သည်။

နိုင်ငံတကာကလည်း မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးအခြေအနေများနှင့် ပတ်သက်ပြီး တုံ့ပြန် ဆောင်ရွက်ရန် အချိန်ကောင်း ဖြစ် သည် ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုများကို တုန့်ဆိုင်းခြင်း မရှိဘဲ အားပေးထောက်ခံသင့်သည်ဟု မြန်မာပြည် မရောက်ခင်ကပင် ဒေးဗစ် ကင်မရွန်းက ပြောဆိုခဲ့ပြီး ဖြစ်သည်


သူ၏ ခရီးစဉ် အတွင်း မှာပင် ဗြိတိန် အခြေစိုက် Burma Campaign UK အဖွဲ့က ကြေညာချက် ထုတ်ပြန်ရာ မြန်မာ အစိုး ရ၏ လူ့အခွင့် အရေး၊ ဒီမို ကရေစီ ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုများ အားနည်း နေတာ သည်ဟု ဆိုထား သည်။ ဒဏ်ခတ် ပိတ်ဆို့ မှုများအား ရုပ် သိမ်းရန် အချိန်မတန် သေးကြောင်း တိုက်တွန်း ပြောကြား ထားသည်။

သူ၏ မြန်မာပြည် အပါအ၀င် အာရှ ငါးနိုင်ငံခရီးစဉ်တွင် ကုန်သွယ် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ လိုက်ပါသွားကြောင်း သိရသည်။

No comments: