Thursday, April 26, 2012

နို့​ဖိုး​ဒုက္ခသည်စခန်း​က ဒုက္ခသည်အချို့​ ဆန္ဒပြ

နော်နိုရင်း

ထိုင်း​နိုင်ငံ တာ့​ခရိုင် အုန်း​ဖန်မြို့​နယ် နို့​ဖိုး​ဒုက္ခသည်စခန်း​က ဒုက္ခသည် ၁၀၀ ​ကျော်ဟာ ဒီမနက် စခန်း​တွင်း​မှာရှိတဲ့​ ကုလသမဂ္ဂဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ (ယူအန်အိပ်ခ်ျစီအာ) ရုံး​ကို သွား​ရောက်ဆန္ဒပြခဲ့​ကြပါတယ်။

၂၀၀၉ က​နေ ၂၀၁၁ အထိ နို့​ဖိုး​ဒုက္ခသည်စခန်း​မှာ ဝင်​ရောက် ခိုလှုံ​နေသူ​တွေကို ခုချိန်ထိ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ် မပြု​သေး​တဲ့​အတွက် ဆန္ဒပြကြတာလို့​ နိုဖိုး​ဒုက္ခသည်စခန်း​ ​ကော်မတီ အတွင်း​ရေး​မှူး​ ​စောသူး​လေဒိုစိုး​က ​ပြောပါတယ်။

“အဓိက ဒုက္ခသည်ဖြစ်​ရေး​ပဲ၊​ လူသစ်က လူ​ဟောင်း​ဖြစ်ဖို့​ အတွက်ပဲ၊​ အဲဒါ အဓိကအချက်ပဲ။ သူတို့​ကို ယူအန်အိပ် ခ်ျစီအာက ​လော​လောဆယ် အသိ အမှတ် မပြု​သေး​ဘူး​၊​ ပရီ(အကြို) အဆင့်​ပဲ ရှိ​သေး​တယ်။ ယူအန်အိပ် ခ်ျစီအာက ​လော​လောဆယ် ဘာမှ အ​ဖြေ​ ပေး​လို့​ မရ​ သေး​ဘူး​။ အခု လက်ရှိက လူ​ဟောင်း ​ဖြစ်ဖို့​ ထိုင်း​ အာဏာပိုင် လက်ထဲမှာ ရှိတယ်။”

ဆန္ဒထုတ်​ဖော် ​တောင်း​ဆိုရာမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု​ပေး​ရေး​ သာမက စား​နပ်ရိက္ခာ လုံ​လောက်စွာ ​ထောက်ပံ့​ပေး​ရေး​၊​ အနာ ဂတ်မဲ့​နေမှုနဲ့​ နိုင်ငံမဲ့​ ဖြစ်​နေမှုတို့​ကို ​ဖြေရှင်း​ဆောင်ရွက်​ပေး​ရေး​နဲ့​ ကု လသမဂ္ဂအ​နေနဲ့​ ဒုက္ခသည်အ​ရေး​ကို ပိုမိုအ​လေး​ထား​ လုပ်​ဆောင်​ပေး​ရန် ​တောင်း​ဆိုခဲ့​ကြပါတယ်။

ဒုက္ခသည်​တွေရဲ့​ ​တောင်း​ဆိုချက်​တွေကို စခန်း​က ကုလသမဂ္ဂ တာဝန်ရှိသူ​တွေက အထက်ကို ပြန်တင်ပြမယ်ဆိုတဲ့​အ​ကြောင်း​ ပြန်လည် ​ဖြေဆိုခဲ့​တယ်လို့​ ​စောသူး​လေဒိုစိုး​က ​ပြောပါတယ်။

နို့​ဖိုး​ဒုက္ခသည်စခန်း​မှာ ဒုက္ခသည်​ပေါင်း​ ၁၇,၀၀၀ ​ကျော်ရှိပြီး​ ကုလသမဂ္ဂက အသိအမှတ်မပြု​သေး​သူ​ပေါင်း​ ၆၀၀၀ ​ကျော်ရှိတယ်လို့​ ဆိုပါ တယ်။

No comments: