Wednesday, April 25, 2012

နံနက်ပိုင်း ကချင်မြို့တော် မြစ်ကြီးနားတွင် ဗုံးပေါက်

KNG

မြန်မာ စံတော်ချိန် နံနက် ၇ နာရီ ခွဲခန့်တွင် ကချင် ပြည်နယ် မြို့တော် မြစ်ကြီးနား တွင် ဗုံးတလုံး ပေါက်ကွဲ ခဲ့ရာ လူနှစ်ဦးထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း မြို့ခံများ ဆိုသည်။

ဗုံးပေါက် ကွဲမှုသည် တပ်ကုန်း ဆွမ်ပရာဘွမ် လမ်းနှင့် ဒူကထောင် လမ်းဆုံရှိ မော်တော် ပီကေ ယာဉ်ထိန်းရဲ တဲ တွင်ဖြစ်ပွား သည်ဟု မျက်မြင်များ ပြောသည်။

ထိခိုက်သူ နှစ်ဦးမှာ မော်တော်ဆိုင် ကယ်တစ်စင်း အတူစီး လာသူ ဖြစ်ကာ အမျိုး သားမှာ လက်တွင် အနည်းငယ် ဒဏ်ရာ ရရှိပြီး အမျိုး သမီးအား ဆေးရုံသို့ ပို့ထား သည်ဟု မျက်မြင်များ ထပ်ဆိုသည်။

သင်္ကြန်ကာလမှစပြီး ကချင်ပြည်နယ်မြို့တော်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)က မြန်မာ အစိုးရ စစ်ရေး ပစ်မှတ်များ မှတပါး လက်နက်မဲ့ပြည်သူများကိုတိုက်ခိုက်ခြင်းမရှိကြောင်း ဆိုထားသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက KIO အား ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၁ လ ကျော် စစ်ဆင်ရေး (ထိုးစစ်) ပြုလုပ် လာချိန် ပြီးခဲ့သည့် မတ်လမှစပြီး KIO ဗဟို ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် စစ်ဆင် ရေးများ ပြုလုပ် နေပြီ ဖြစ်သည်။

ထို့ကြောင့် KIO မှလည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ၎င်း၏ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အားလုံးကို မြန်မာ အစိုး ရတပ် အား “ခံစစ်မှ ထိုးစစ်” သို့ ပြောင်းလဲ စစ်ဆင်ရန် ဧပြီ၊ ယခုလ လဆန်းတွင် ညွှန်ကြား ခဲ့သည်။

No comments: