Tuesday, April 24, 2012

ဇေကမ္ဘာက လယ်ကန် သင်း​ကို ​မြေထိုး​ စက်ဖြင့်​ ထိုး

အေး​နိုင်

ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်း​ မဂင်္လာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ် သမား​တွေရဲ့​ လယ်ကန် သင်း​တွေကို ​မြေထိုး​စက်နဲ့​ ဝင်​ရောက် ထိုး​ချေ​နေတယ်လို့​ လယ်သမား​တွေက ​ပြောပါတယ်။

ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်း​ မဂင်္လာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ် သမား​တွေရဲ့​ လယ်ကန်သင်း​တွေကို ဧပြီ ၂၄ ရက်​နေ့​ မနက်ပိုင်း​ကစြပီး​ ​မြေထိုး​စက်တစီး​နဲ့​ ဝင်​ရောက် ထိုး​ချေ​နေတာ​ကြောင့်​ လာ မယ့်​ရာသီမှာ လယ်စိုက်ဖို့​ အခက်အခဲ ကြုံရ​တော့​မယ်လို့​ လယ်သမား​ကြီး​ ဦး​အောင်ချစ် က ​ပြောပါတယ်။

“မ​နေ့​က​တော့​ လယ်သမား​တွေက ပျိုး​ခင်း​ကွက်​တွေကနှစ်တိုင်း​ ပျိုး​ထောင် ရင်​တော့​ ပျိုး​ခင်း​ကွက်ကို မီး​ရှို့​တယ်၊​ မရှို့​ရင်​တော့​ ပျိုး​နုတ်မသွား​ဘူး​။ အဲဒါ​ကြောင့်​ လယ်သမား​တွေက ရှို့​တယ်။ ပျိုး​ခင်း​ကွက်ကို သူလာ တား​တယ်​ပေါ့​။ အခုက​တော့​ ကန်သင်း​တွေအား​လုံး​ကိုလည်း​ မနက်က ဘူဒိုဇာ နဲ့​ စထိုး​နြေပီ။ ​ဇေကမ္ဘာ ကုမ္ပဏီက​ပေါ့​။”

လယ်သမား​ကြီး​ ဦး​လံခြား​ကလည်း​ “ဒီမနက် ၉ နာရီက ဘူဒိုဇာနဲ့​ ကန်သင်း​တွေအား​လုံး​ သူထိုး​နေတယ်။ လယ်လုပ်ဖို့​က ဘယ်လိုဆက် လုပ်ရမလဲ မသိ​တော့​ဘူး​။ ရပ်ကွက်လူကြီး​လည်း​ သူ​ပြော​ပေး​မယ် ​ပြောတယ်။ သူမ​ပြောဘူး​ဆိုရင်​တော့​ လယ်သမား​တွေကလည်း​ ဒီတိုင်း​နေလို့​ မြဖစ်​တော့​ဘူး​။ လူစုပြီး​တော့​ လုပ်ကြမှာပါ။ ဘာထူး​မလဲ၊​ ထမင်း​ငတ်လည်း​ တူတူပဲ၊​ သေချင်လည်း​ ​သေပါ​စေ​တော့​” လို့​ ​ပြော ပါတယ်။

လွန်ခဲ့​တဲ့​ ၂၀၁၀ ခုနှစ်ပိုင်း​က အစိုး​ရက ​ရွှေနံ့​သာ​ကျေး​ရွာစုက လယ်သမား​တွေရဲ့​ ​မြေ​တွေကို သိမ်း​မယ်ဆိုတဲ့​သတင်း​ ထွက်ခဲ့​ပါတယ်။ ဒီ​နောက်မှာ ဦး​ခင်​ရွှေပိုင် ​ဇေကမ္ဘာကုမ္ပဏီဟာ ၂၀၁၂ ဧပြီလက လယ်သမား​တွေ လုပ်​နေတဲ့​ လယ်​မြေ ၈၁၅ ဧကကို ၁ ဧက ကျပ် ၃ သိန်း​နှုန်း​နဲ့​ ကရုဏာ​ကြေး​အြဖစ် ​ပေး​ပြီး​ စက်မှုဇုန် အ​ကောင်အထည် ​ဖော်​နေတာ ဖြစ်ပါတယ်။ သူတို့​ကုမ္ပဏီကို​ပေး​ရင် ​ငွေလည်း​ပေး​မယ့်​အြပင် လယ်လည်း​ ဆက်စိုက်ခွင့်​ပေး​မယ်လို့​ ​ပြောဆိုတာ​ကြောင့်​ လယ်သမား​တွေက အစိုး​ရက သိမ်း​လို့​ ဆုံး​မယ့်​ အတူတူ ​ငွေလက်ခံ ရယူ ခဲ့​ပါ တယ်။

ဒီ​နောက်မှာ အဲဒီ​မြေယာ​တွေ​ပေါ်မှာ စပါး​စိုက်ခွင့်​ကို ကန့်​သတ်လာတဲ့​အတွက် လယ်သမား​တွေက တိုင်ကြား​ရာမှာ ရန်ကုန်တိုင်း​ဒေသြကီး​ အစိုး​ရအဖွဲ့​က လယ်​မြေ​ပေါ်မှာ စက်မှုဇုန် တည်​ဆောက်ခွင့်​ မရှိတာ​ကြောင့်​ ရပ်နား​ထား​ဖို့​ ထုတ်ဆင့်​ခဲ့​ပါတယ်။

အဲဒီအြဖစ်အပျက်​တွေ ပြီး​တဲ့​နောက် ​ဇေကမ္ဘာကုမ္ပဏီနဲ့​ လယ်သမား​တွေ အြကား​ ၁ ဧကကို သိန်း​ ၅၀ နှုန်း​နဲ့​ ​လျော်​ပေး​မယ်ဆိုရင် အမှု အခင်း​ မလုပ်ပါဘူး​ ဆိုတာကို ညှိနှိုင်း​ခဲ့​ကြပီး​ သ​ဘောတူညီမှု ရခဲ့​ကြ ပါတယ်။ ဒါ​ပေမယ့်​ လယ်သမား​တဦး​က အဲသလိုကျိတ်ပြီး​ သ​ဘောတူတဲ့​ကိစ္စကို ပြည်တွင်း​ မီဒီယာတခုမှာ ထုတ်​ပြောလိုက်တာ​ကြောင့်​ အဲဒီကာလ ဥပ​ဒေအရ ကြား​ဝင် ​ဆောင်ရွက်သူ​တွေပါ တာဝန် မကင်း​တာ​ကြောင့်​ တဧက သိန်း​ ၅၀ ​ပေး​ဖို့​ကိစ္စ မြဖစ်​တော့​ဘဲ ရပ်နား​ခဲ့​ပါတယ်။

လယ်သမား​တွေကို ကူညီ​နေတဲ့​ မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက အဲဒီတုန်း​က ​ရွှေနံ့​သာလယ်သမား​ကိစ္စကို ကိုယ်စား​လှယ် လွှဲစာပြန်အပ်ခဲ့​ပြီး​ အခု​တော့​ လယ်သမား​တွေဘက်က လိုက်ပါ​ဆောင်ရွက် သွား​မယ်လို့​ ​ပြောပါတယ်။

“လယ်ယာ​မြေ ဥပ​ဒေအ​ဟောင်း​တွေက ဒီလူ​တွေလုပ်တာ မညီညွတ်ပါဘူး​။ ၁၉၅၃ ခုနှစ် ဥပ​ဒေအ​ဟောင်း​တွေကတည်း​က၊​ ၁၉၆၃ သီး​စား​ချထား​ရေး​ ဥပ​ဒေ​တွေထဲက ​ဇေကမ္ဘာကုမ္ပဏီကို ​ပေး​လို့​ မရပါဘူး​။ ​ဒေသခံ အဆင်း​ရဲဆုံး​လူကို တန်း​စီဇယား​လုပ်ပြီး​ ​ပေး​ရမှာပါ။ အဲဒီဥပ​ဒေ နဲ့​သူတို့​မညီပါဘူး​။ ဒီဘက်ဥပ​ဒေအသစ် ထွက်လာ​တော့​လည်း​ စီမံကိန်း​လို့​ပြောတယ်။ တကယ်က စီမံကိန်း​လည်း​ မဟုတ်ပါဘူး​။ အကယ် ၍ စီမံကိန်း​ဖြစ်ရင်​တောင် သတ်မှတ်ကာလအတွင်း​မှာ ပြည့်​စုံ​အောင် အ​ကောင်အထည်​ဖော်​ဆောင်နိုင်ခြင်း​ မရှိဘူး​ဆိုရင် မူလ လက်ငုတ် ​တောင်သူလယ်သမား​တွေကို ပြန်​ပေး​ရမယ်လို့​ ပါပါတယ်။ အခုလိုအပ်ရင် လိုအပ်သလို တရား​စွဲတာတို့​ လိုအပ်တဲ့​ အဖွဲ့​အစည်း​တွေနဲ့​ ပြန်လုပ်ပါမယ်။”

ရွှေနံ့​သာ​ကျေး​ရွာအုပ်စုမှာ ​ဇေကမ္ဘာစက်မှုဇုန် အပိုင်း​ ၄ ကို ရပ်ဆိုင်း​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသြကီး​အစိုး​ရက မနှစ် နှစ်ကုန်ပိုင်း​ကတည်း​က ညွှန်ကြား​ထား​ပေမယ့်​ အုတ်ကား​၊​ သဲကား​နဲ့​ ​ကျောက်ကား​တွေကို​တော့​ ဆက်လက် ပို့​ဆောင်​နေဆဲ ဖြစ်တယ်လို့​ လယ်သမား​တွေက ​ပြော ပြပါတယ်။

No comments: