Wednesday, April 25, 2012

ထိုင်းနယ်စပ်တွင် လုပ်ကြံခံရသော KIO ခေါင်းဆောင်များကို ဂုဏ်ပြုဆုတောင်း

KNG

လွန်ခဲ့သောနှစ် ၃၀ ကျော်က ထိုင်း-မြန်မာနယ်စပ်တွင် လုပ်ကြံ ခံရ သော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ခေါင်းဆောင် GOC လ ထော်ဇော်ဆိုင်းနှင့် ထိပ်တန်း အရာရှိ များအား ဂုဏ်ပြုသည့် မှတ် ကျောက် တိုင်စိုက် ဆုတောင်းပွဲ အခန်း အနားကို ထိုင်း နယ်စပ် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ထမ်ငေါတ်ဘွမ် (Htam Ngawp Bum) စစ် အခြေစိုက် စခန်း ဟောင်းတွင် ဧပြီ ၂၄၊ ယနေ့ တနင်္လာနေ့တွင် ပြုလုပ် ခဲ့သည်။

ထိုနေ့သည် KIO/KIA ခေါင်းဆောင် GOC ဇော်ဆိုင်းနှင့် ထိပ်တန်း အရာ ရှိများ ထိုင်း နိုင်ငံသို့ ပထမ ဦးဆုံး နယ်စပ် ဖြတ်ကျော်ဝင် ရောက် လာခဲ့ သည့်နေ့ ဖြစ်ပြီး အစီ စဉ်အား GOC ၏ ကျန်ရစ်သော မိသား စုနှင့် ၎င်း၏ စစ်သား ဟောင်းများ ဦးဆောင်ပြု လုပ်ခြင်း ဖြစ် သည်။

GOC ၏ ကြေးနန်းစက်ထိန်း ဖြစ်ခဲ့သူ ဦးခေါင်ဟောင်းက “၂၄ ရက်နေ့မှာလုပ်တာက ကျနော်တို့ GOC တို့ ထိုင်းနိုင်ငံ ထမ်ငေါတ်ဘွမ်မှာပထ မ ရောက်လာတဲ့နေ့ကိုယူတယ်။ ပြီးတော့ အဲဒီမှာ ခေါင်းဆောင်တို့ အလုပ်ကြိုးစားနေချိန် အဲဒီဘွမ် (တောင်)မှာပဲ လုပ်ကြံ ခံလိုက် ရတယ်။ ဒါကို အထိမ်း အမှတ် ယူပြီး ရည်ရွယ်ချက် ၂ ခုနဲ့ လုပ်တာ ဖြစ်တယ်။” ဟု ပြောသည်။

ဗိုလ်ချုပ် ဇော်ဆိုင်းနှင့်အဖွဲ့သည် ၁၉၆၆ ဧပြီ ၂၄ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် ထမ်ငေါတ်ဘွမ်သို့နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ သည်။ ထိုင်း နိုင်ငံတွင် ကချင် အမျိုးသား များ၏ နိုင်ငံရေး ရပိုင်ခွင့် အတွက် ကြိုးပမ်း နေချိန် ၁၉၇၅ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် ဒု- ဦးစီးချုပ် ဗိုလ်ချုပ် လထော် ဇော်တူး (GOC ၏ ညီ) နှင့်အတူ အထွေထွေ အတွင်း ရေးမှူး ဆလန် ကဘား ဖုန်ရွှေ ဇော်ဆိုင်း (Pungshwi Zau Seng) တို့ ထိုစစ် စခန်းတွင် လုပ်ကြံ ခံခဲ့ ရသည်။

၎င်းလုပ်ကြံမှုပေါ် မြန်မာအစိုးရနှင့် KIO ကြား မည်သည့်အဖွဲ့မှ ၀န်ခံခြင်းမရှိပဲ ယခုအချိန်ထိ အပြန်အလှန် စွပ်စွဲ နေဆဲဖြစ်သည်။

“အရင်နှစ်ကတော့ လုပ်ဖို့မစဉ်းစားဘူး အခုတော့ ဒီမှာလည်း အရင်ကရဲဘော်ဟောင်းတွေ အများကြီး ကျန်ထားခဲ့တယ်လေ။ တော်လှန် ရေးနေ့တွေလုပ်တဲ့အခါမှာလည်း အရင်က ရဲဘော်ဟောင်းတွေနဲ့ ပြန် ပြီး တွေ့မိ စုမိကြတယ်။ အဲဒါကြောင့် သူတို့လည်း ကျနော်တို့ က ချင်တွေ ဒီ(ထိုင်း နိုင်ငံ)မှာ အရင် ရောက်လာတယ် ဆိုတဲ့ အထိမ်း အမှတ် တစ်ခုတော့ လုပ်ရအောင် ဆိုပြီး အခုချိန် ကျမတို့ ကချင်ပြည်မှာ လည်း စစ်တွေဖြစ်နေ တာကြောင့် ဆုတောင်းပြီးကောင်းချီးယူချင်လို့လုပ်တာဖြစ်တယ်။” ဟု GOC ၏ ကျန်ရစ်သူ ဇနီး ယခု ထိုင်းနိုင်ငံကချင်အမျိုးသမီးအဖွဲ့ (KWAT)၏ အကြံပေး ဒေါ်ရှယ်လီဆိုင်းက ပြော သည်။

ထိုဆုတောင်းပွဲတွင် KIO မှ ထိုင်းနိုင်ငံဆက်ဆံရေးရုံး (ROKA-T) တာဝန်ခံ လဖိုင်ဇော်ဒွဲ၊ ထိုင်းနိုင်ငံ ဘတ်မိုင်ကချင်ရွာမှ ဒေသခံများ၊ထိုင်း နိုင်ငံ KIA ရဲဘော်ဟောင်းများ၊ ချင်းမိုင်မြို့မှ ကချင် အမျိုးသား များ နှင့် ထိုင်းဘုရင့် Royal Project မှ တာဝန်ရှိသူများ စုစုပေါင်း ဧည့်ပ ရိတ်သတ် ၂၀၀ ကျော်တက်ရောက်ခဲ့သည်။

No comments: