Wednesday, April 25, 2012

သမ္မတ ဦးသိန်းစိန်နှင့် ကျိုဒိုသတင်းဌာန တွေ့ဆုံသည့်အပေါ် ဂျပန်နိုင်ငံမှ စာနယ်ဇင်းသမား ဦးရွှေဘ အားမေးမြန်းချက်

ဇော်ကြီး။

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ တင်ပြချက် အား သမ္မတ ဦးသိန်းစိန်က လိုက်လျောမည် မဟုတ်ကြောင်း ပြောဆို ခဲ့သည်ဟု ဂျပန်နိုင်ငံရှိ ကျိုဒိုသတင်းအေဂျင်စီ အပါအ၀င် အခြား သတင်းများက ဖော်ပြခဲ့ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျိုဒို သတင်းအေဂျင်စီမှ တာဝန်ရှိသူနှင့် သမ္မတတို့ တွေ့ဆုံ ခဲ့ပြီး သတင်းမှန် ပြန်လည် ထုတ်လွှင့်ပေးရန် သမ္မ တ ဦးသိန်းစိန်က တောင်းဆိုခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သည့် အပေါ် ဂျပန် နိုင်ငံမှ အလွတ် သတင်းထောက် ဦးရွှေ ဘအား NMG မှ ဆက်သွယ် မေးမြန်း ထားပါ သည်။

မေး။ ။ သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်နိုင်ငံက ကျိုဒို သတင်းအေဂျင်စီက တာဝန်ရှိသူတွေ မနေ့ညနေကတွေ့ဆုံခဲ့ကြတယ်လို့ ကြားရပါတယ်။

ဖြေ။ ။ ကျိုဒို သတင်းအေဂျင်စီနဲ့ သမ္မတဖက်က စကား အသုံးအနှုန်းနဲ့ ပတ်သက်ပြီး တော့ စကား အငြင်းပွား တယ်ဆို တာကို ကြားရ တယ်။ ဒါပေမယ့် ဂျပန် မှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာတ ခုမှ သတင်း မရှိပါ ဘူးခင်ဗျ။

မေး။ ။ ကျိုဒို သတင်း ဌာနက မှားသွားတဲ့သတင်းကို ပြန်ပြင် ပေးမယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ အဲဒီကိစ္စ ဘယ်လိုဖြေရှင်းလိုက်ကြတာလဲ။

ဖြေ။ ။ ခင်ဗျား သိတဲ့အတိုင်းပေါ့။ ကျိုဒိုဆိုတာ သတင်းအေဂျင်စီတခု၊ ကုမ္ပဏီ တခု ဖြစ်နေတော့ သူတို့ဟာ သူတို့ ပြေလည်အောင် လုပ် တာ ပေါ့။ အဲဒါကို လူသိ ရှင်ကြား ပြောတာမျိုး မရှိပါ ဘူးခင်ဗျ။

မေး။ ။ မနေ့က ဦးရွှေဘ ပြောတဲ့အထဲမှာ ဦးသိန်းစိန်ဖက်က လိုက်လျောမှု မရှိဘူးဆိုတာ ကြားသိခဲ့ရတယ်လို့ ပြောပါ တယ်။ ဘယ်လို ကြားသိ ခဲ့ရ တာလဲ။

ဖြေ။ ။ လိုက်လျောမှု မရှိဘူးလို့ ဂျပန်သတင်းထောက်တွေက အဓိပ္ပါယ်ကောက်တယ် လို့ပဲ ပြောလိုက်တာပါခင်ဗျ။ လိုက်လျောမှု မရှိဘူးလို့ ဦးသိန်းစိန် ကိုယ်၌က အဲဒီစကား အသုံး အနှုန်းနဲ့ ဒီတိုင်း ပြော တာတော့ မဟုတ်ပါဘူး ခင်ဗျ။

ကျိုဒို သတင်းဌာနကနေ ဒေါ်အောင်ဆန်းစုကြည်တို့က လွှတ်တော်ကို မတက်ဖူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတ အနေနဲ့ ဘယ် လိုများ ယူဆထားပါသလဲလို့ မေးတဲ့ အခါ သမ္မတကြီးက လွှတ်တော် အနေနဲ့ ဒေါ်စုတို့ NLD လွှတ်တော်အမတ်ကို ကြိုဆိုပါကြောင်း။ ဒါပေမယ့် တက်မတက်ဆိုတာက သူတို့ဟာ သူတို့ဆုံးဖြတ်ဖို့ ကိစ္စသာဖြစ်ကြောင်း ဒီလိုပဲ ဖြေလိုက်တယ်။

ဖြေလိုက်တာကို ဂျပန်သတင်းထောက်တွေက ဦးသိန်းစိန်အနေနဲ့ အခု အငြင်းပွားနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို လိုက်နာ စောင့်ထိန်း ရမယ် ဘာညာ ပြင်ဖို့ ပြုပြင်ဖို့ လုံးဝ Direction မရှိဘူး ဆိုတာကို ပြနေ တယ်ဆို ပြီးတော့ ဂျပန် သတင်းထောက် တွေက အဓိပ္ပါယ် ကောက်တယ်။ အဓိပ္ပါယ် ကောက်တာကို ဦးသိန်းစိန် ကိုယ်တိုင်က ဒီလို စကား အသုံး အနှုန်းတွေ ပြောသလိုလို သတင်းရေး နေတာ တွေ့ပြီးတော့ ပြဿနာ ဖြစ်ခဲ့တယ်လို့ ကျနော် ယူဆပါ တယ်ခင်ဗျ။ သတင်းစာ ရှင်းလင်းပွဲကိုလည်း ကျနော် ကိုယ်တိုင်က တက်တာ မဟုတ် ပါဘူး။ ဂျပန် မီဒီယာက ပြတာ တွေကို နားထောင်ပြီး ကြားရ တာ တွေကို ဖြေလိုက် တာပါ။

မေး။ ။ မြန်မာနိုင်ငံမှာ ကျိုဒို သတင်းအေဂျင်စီက ဌာနခွဲထားဖို့ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီကိစ္စ နှစ်ဖက် သဘောတူညီမှု ရသွားပြီလား။

ဖြေ။ ။ ဟုတ်ကဲ့၊ ဒီလိုသတင်းမျိုး ဂျပန်မှာ လုံးဝ မထွက်ပါဘူး။ ဘယ်သူမှ သိပ်ကို အာရုံ မစိုက်ပါဘူး။ ဂရု မစိုက်ပါဘူးခင်ဗျ။ မနေ့က သတင်းစာ ရှင်းလင်းပွဲတောင် ဂျပန်မှာ သေးသေးလေး နည်းနည်း လေး ပါလာတယ်။ အသေးစိတ်တော့ လုံးဝ မပါလာဘူးခင်ဗျ။

No comments: