ရွှေအောင်
ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဆိပ်ကြီးခနောင် တိုနဲ့ သင်္ဃန်းကျွန်း မြို့နယ်တွေထဲက လယ်မြေအသိမ်းခံထားရတဲ့ လယ်သ မား အယောက် ၆၀ ကျော်ဟာ ဒီနေ့မနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း ပေါ်မှာရှိတဲ့ မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာန ရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။
လယ်မြေအသိမ်းခံရတဲ့ လယ်သမားတွေအရေး ကြားဝင်ဆောင်ရွက်ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တသီးပုဂ္ဂလ ဝင်ပြိုင်ခဲ့ဖူးတဲ့ ဦးဝင်းချိုတို့ အပါအဝင် မြို့နယ် ၄ ခုက လယ်သမားတွေဟာ အိုးအိမ်ဦးစီးရုံးရှေ့မှာ စုဝေးခဲ့ကြပြီး အသိမ်းခံထားရတဲ့ လယ်မြေတွေကိစ္စ ဘယ်သူက ဆောင်ရွက်ပေးမှာလဲလို့ မေးခွန်းထုတ်ခဲ့ကြတာပါ။
လယ်သမား ၅၀၀ ကျော်ပိုင် လယ်ဧကထောင်နဲ့ချီ အသိမ်းခံထားရ တာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကြိမ်ကြိမ် တင်ပြခဲ့တာ အကြောင်းမထူးလို့ စုဝေး ဖြစ်ခဲ့တဲ့ အကြောင်း ဦးနေမျိုးဝေက ပြောပါ တယ်။
“စုဝေးတာကတော့ တနိုင်ငံလုံးမှာ ရှိတဲ့ မြေယာမှုခင်းတွေထဲပါတဲ့ သုံးလေးရွာလောက်က လယ်သမားတွေပါ။ နောက်ပြီး အိုးအိမ်ကို မေးတဲ့ အကြောင်းရင်း ခေါင်းစဉ်ကတော့ ဒီ အုပ်ချုပ်လုပ်ကိုင်မှုတွေက ဘယ်သူ့ရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိသလဲဆိုတာပဲ မေးတာပါ။ အဓိက က ဘာလဲဆိုတော့ ကျနော်တို့ အဲဒီမြေယာမှုခင်းတွေ အကုန်လုံးကို ကျနော်တို့ နည်းမျိုးစုံတင်ပြထားပြီးပြီ။ အချက်အလက်အစုံနဲ့ လွှတ်တော်ထဲလည်း ပို့ပြီးပြီ။ အုပ်ချုပ်ရေးဘက်တွေကိုလည်း ပို့ပြီးပြီ။ အဲဒါကို သူတို့က မလုပ်တဲ့အတွက် ကျနော်တို့က လူသိရှင်ကြား လုပ်တာ ပါပဲခင်ဗျ။”
သက်ဆိုင်ရာအစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ကို လိုလားပြီး သူတို့နိုင်ငံရေးသမားတွေ အနေနဲ့ မလုပ်ချင်ပါဘူးလို့လည်း ဦးနေမျိုးဝေကပြောပါ တယ်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ပဒံကျေးရွာက လယ်သမား ၃၀ ကျော်၊ မင်္ဂလာဒုံ၊ ရွှေနံ့သာက လယ်သမား ၃၀ ကျော်နဲ့ ဆိပ်ကြီးခနောင် တိုက လယ်သမား ၃ ဦးတို့ အိုးအိမ်ဦးစီးဌာနရှေ့မှာ စုဝေးခဲ့ကြတာ ဖြစ်ပြီး အိုးအိမ်က တာဝန်ရှိသူတဦးက ရှေ့တပတ်ထဲ ဘာဆက် လုပ်ရမလဲဆိုတာ အကြောင်းပြန်မယ့်အကြောင်း ပြောတယ်လို့ ဆိုပါတယ်။
အိုးအိမ်ဦးစီးဌာနရှေ့ စုဝေးခဲ့တဲ့ထဲ တဦးအပါအဝင်ဖြစ်တဲ့ မင်္ဂလာဒုံ၊ ရွှေနံ့သာက လယ်ပိုင်ရှင် ဒေါ်တင်စိန်ကတော့ သူ့လယ်သူ ပြန်လို ချင်တယ်လို့ ပြောပါတယ်။
“ကိုယ်ရဲ့လုပ်ပိုင်ခွင့်အတွက် လုပ်နေကျတာ။ ဒါလေးကိုပဲ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့အတွက်ကြောင့် လုပ်ပိုင်ခွင့်ပဲ အန်တီတို့ ပြန်လို ချင်တယ်။ အန်တီတို့ ဒီ အုပ်ချုပ်ရေးမှုးရုံးကလည်း သီးစားတင်ထားတယ်။”
ရန်ကုန်တိုင်း လေးမြို့နယ်ထဲက လယ်တွေကို ဇေကမ္ဘာနဲ့ ဝါဝါဝင်းကုမ္ပဏီတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လက်ဝါးရိုက်ပြီး အရင် စစ်အစိုးရလက်ထက်ကတည်းက သိမ်းယူထားခဲ့ကြတာပါ။
No comments:
Post a Comment