Wednesday, April 25, 2012

မူးယစ် ရာဇာများ ဖမ်းဆီးရေး ထိုင်း အစိုးရ ဆုတော်ငွေ ထုတ်ပြန်၊ မြန်မာ မူးယစ် ရာဇာ သုံးဦးပါ

သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါး အဓိက ဖြန့်ဝေသူဟု နာမည်ကျော်ကြားသည့် လူ ၂၅ ယောက်ကို ဖမ်းပေးနိုင်သူအား ထိုင်း နိုင်ငံ အစိုး ရက ဆုငွေ ဘတ် ၁၂ သန်း ပေးမည်ဟု ထုတ်ပြန် ထားပါ သည်။

“အဲဒီလူ ၂၅ ယောက်မှာ မြန်မာနိုင်ငံသား သုံးဦးပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် တချို့ ပေါ့၊ ဈေးအမြင့်ဆုံး တော့ တြိဂံဒေသက နာမည်ကြီး MTA လက်နက်ချစဉ်ပါဝင်တဲ့ နော် ခမ်းဘဲ။ သူ့ကို အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ဖမ်းပေး နိုင်ရင် ထိုင်း ဘတ်ငွေ နှစ်သန်း ပေးမယ်လို့ ဒုဝန်ကြီး ချုပ် ချလိန်ယူ ဘမ်းရုန်း က ပြောတာ” - ဟု ထိုင်း နယ်စပ် လုံခြုံရေး မူးယစ် ရဲအရာရှိ တဦးက ပြောပါ သည်။

ဧပြီ ၂၀ ရက် ထိုင်းအစိုးရ ထုတ်ပြန်ကြေငြာချက်တွင် ထိုင်းနိုင်ငံသား ၂၂ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးအား မူးယစ် ရာဇာများဖြစ်သဖြင့် ဖမ်း ပေးနိုင်သူအား ဆုတော်ငွေ ဘတ် ၁၂ သန်းပေးမည်ဟုဆိုရာတွင် မြန်မာနိုင်ငံသား သုံးဦး ဖြစ်သော တြိဂံဒေသက စိုင်းနော်ခမ်း၊ တာချီ လိတ် နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ယီဆေး နှင့် ကလိုထူး ဘော တပ်မတော် ခေါ် DKBA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောလယ်ဘွယ် (ဗိုလ် နှုတ်ခမ်းမွှေး) တို့၏ ဓါတ်ပုံကိုပါ နံရံ၌ကပ်၍ ထိုင်းဒု ဝန်ကြီး ချုပ်က ရှင်းပြပါသည်။

“အရင်တုန်းက ကရင် နဲ့ ထိုင်းနယ်စပ်ဘက်ဖမ်းမိရင် ဗိုလ်နှုတ်းခမ်းမွှေးရဲ့ပစ္စည်းတွေလို့ ထိုင်းဘက်က ပြောတာ။ အခု နောက်ပိုင်း သိပ်မ ကြား ရတော့ဘူး။ ဒါပေမယ့် ဖမ်းဖို့ စာရင်း ပြန်ပါ လာတာ။ စိုင်း နော်ခမ်း ကိုလည်း တရုတ် ၁၃ ဦး အသတ် ခံရမှုမှာ သူ့လက်ချက် မကင်း ဘူးလို့ ထိုင်းက စွပ်စွဲတာ။ ယီဆေးတော့ အသက် ၆၆ နှစ်လောက် ရှိမယ်။ သူကတော့ နမ့်ပုံပြည် သူ့စစ် ခေါင်းဆောင်၊ ဒီနှစ် ထဲမှာ မူးယစ်ဆေး ဖမ်းမိရင် သူ့အဆက် လို့ဘဲ ထိုင်းက ပြောတာ” - ဟု သျှမ်းပြည် မူးယစ် ဆေးဝါး စောင့်ကြည့်လေလာရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက ပြောပါသည်။

မူးယစ်ရာဇာများကို ဖမ်းပေးနိုင်မည့်သူအား ပေးမည့်ဆုတော်ငွေ၌ စိုင်းနော်ခမ်းအား ဘတ်ငွေ နှစ်သန်း၊ ဦးယီ့ဆေးနှင့် ဗိုလ်နှုတ်ခမ်းမွှေး အား တစ်သန်းစီ ထုတ်ပြန်ကျေငြာထား သည်။

“အမှန်တော့ စီးပွားရေးသမား ငွေရှင်ကြေးရှင် တွေရဲ့ နာမည်စာရင်းလဲ ထုတ်ပြန်သင့်တယ်။ သူတို့တွေမရှိရင် မူးယစ် ဆေးဝါး မချက်နိုင် ကြဘူးလေ။ အဲဒီ ငွေရှင် ကြေးရှင်တွေကလဲ အများဖြင့် ထိုင်းကဘဲ၊ လိုအပ်တဲ့ ကုန်ကြမ်း လဲ ထိုင်းထဲ ကဘဲရတာဘဲ။ နောက်ပြီး မြန်မာအာဏာပိုင်တို့ ထိုင်း အာဏာပိုင် တို့ အကူအညီမပါဘဲ ဒီ မူးယစ်ဆေး တွေက မြို့ကြီးမရောက်နိုင်ဘူး ” - ဟု သျှမ်း ပြည် အရှေ့ပိုင်းသား ကုန်သည်ကြီးတဦးကပြောပါသည်။

ထို့အတူ ဦးခွန်စိုင်းက - သျှမ်းပြည် ၅၅ မြို့နယ်အနက် ဘိန်းစိုက်ပျိုးခြင်းမရှိသည့်မြို့နယ်က ၆ မြို့နယ်( အထူးဒေသ ၁ ကိုးကန့် - လောက် ကိုင်၊ အထူးဒေသ ၂ (ဝ နယ်မြေ) ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော၊ ပန်ဆန်း နှင့် အထူးဒေသ ၄ မိုင်းလား) သာရှိကြောင်းပြောသည်။ မြန်မာအစိုးရက ယခုနှစ်အတွင်း ဟိုပုန်းနှင့်လွယ်လင်မြို့နယ်တွင်သတင်းထောက်များအား ဖိတ်ခေါ်ပြီး ဘိန်းခင်းများ ဖျက်ဆီးပြသ ခဲ့သော်လည်း ယခင်နှစ်များထက် ဘိန်းထွက်နှုန်းပိုနေကြောင်းလည်း ပြောပါသည်။

No comments: