အေးနိုင်
ကိုညီညီလွင်တြဖစ်လဲ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ဦးဆောင် သံဃာတော် အရှင်ဂမ္ဘီရရဲ့ စိတ်ကျန်းမာရေးမကောင်းဘူးလို့ သူ့မိခင် ဒေါ်ရေးက ပြောပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ဦးဆောင်သံဃာတပါးဖြစ်တဲ့ အ ရှင်ဂမ္ဘီရဟာ နှစ်ဆန်းတရက်နေ့က လူထွက်ခဲ့ပြီးတဲ့နောက် စိတ်ကျန်းမာရေး ဆရာဝန်ထံမှာ ကုသမှုခံယူနေတယ်လို့ သူ့မိခင် ဒေါ်ရေးက ပြောပါ တယ်။
မိထ္တီလာမြို့က စက်မှုဇုန်မှာ မိဘတွေနဲ့အတူ နေထိုင်နေတဲ့ ကိုညီညီလွင် ဟာ တယောက်တည်း နေရင်း ရယ်မော နေတတ် သလို ညဘက် ဆိုရင် ပိုဖောက် လာတယ်လို့ ဆိုပါတယ်။
“ဟိုတနေ့က လူထွက်တော့ ပုံမှန်မဟုတ်ဘူး။ တယောက်တည်း ရယ်နေတယ်၊ ညကျတော့ အာရုံထဲမှာ ဆက်သွယ်နြေကတယ်ဆိုပြီး အဲလိုတွေပြောတယ်။ နေ့ခင်းက အကောင်းပဲ၊ ညပိုင်း ၆ – ၇ နာရီလောက် သတင်းတွေဘာတွေကြားရင် စိတ်ကထိန်းချုပ်လို့ မရဘူး။ တအားဆိုးလာတယ်။ ဆေးစစ်တော့လည်း မခံဘူး။ မိထ္တီလာမှာ စိတ်ကျန်းမာရေးဆရာဝန်ကြီးနဲ့ သွားဆွေးနွေးကြည့်ပြီးပြီ။”
သူဟာ ထောင်ကထွက်ပြီးတဲ့နောက် သကင်္န်းပြန်ဝတ်ခဲ့ပါတယ်။ ဒီနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သံဃာပြန်ဝတ်ချင်ရင် ပြန်လည် လျှောက်ထားရမယ်ဆိုတဲ့ ညွန်ကြားလွှာ ၁၅ အရ ပြန်လျှောက်ခိုင်းခဲ့ပါတယ်။
အရှင်ဂမ္ဘီရက သူဟာ ရဟန်းဖြစ်ပြီးဖြစ်လို့ လျှောက်စရာမလိုဘူးလို့ ခံယူပြီး မလျှောက်တာကြောင့် အဲဒီညွှန်ကြားလွှာအရ တရားစွဲဆိုခံရ နိုင်တယ်ဆိုနဲ့အချက်နဲ့ ငြိစွန်းသလို သတင်းစာတွေမှာလည်း အာဏာ စက်နဲ့ ကိုင်တွယ်မယ်လို့ ပါရှိလာပြီး သွားလာနေထိုင်ရေး ခက်ခဲခဲ့ပါတယ်။
ဒေါ်ရေးက ရန်ကုန်မှာ နေထိုင်သွားလာရေးခက်ခဲပုံကို ခုလို ပြောပါတယ်။
“စိတ်ဖိစီးမှုတွေလည်း များတယ်။ ဟိုတလောက ရန်ကုန်ကို ဆေးစစ်ဖို့သွားတယ်။ သွားတော့ ဘယ်ကျောင်းမှာမှ မတည်းရဲဘူး။ ပေးမ တည်းဘူး။ အဲဒါတွေလည်း စိတ်ထဲခံစားရမှာပေါ့။”
အရှင်ဂမ္ဘီရဟာ ထောင်တွင်းနှိပ်စက်ခံရတဲ့ဒဏ်တွေအြပင် ထောင်တွင်း မူးယစ်ဆေးတွေပါ ထိုးနှံခံရတယ်ဆိုတာ သံသယရှိတယ်လို့ ဒေါ်ရေးက ပြောပါတယ်။
No comments:
Post a Comment