ကိုပေါက် | အင်္ဂါနေ့၊ ဧပြီလ ၂၄ ရက် ၂၀၁၂
နေပြည်တော်တွင် အင်္ဂါနေ့မနက်ပိုင်းက ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍ မေးခွန်း ထုတ်မှုနှင့် အဆို တင်သွင်းမှု တစုံ တရာ ပြုလုပ်ခြင်း မရှိ ခဲ့ကြောင်း သိရသည်။
“အဲဒီကိစ္စ အဆိုတင်တာတွေ မရှိသေးဘူးဗျ။ တည်ရှိဆဲ၊ မပြီးပြတ်သေးတဲ့ agenda တွေအတိုင်းပဲ သွားနေပါတယ်” ဟု လွှတ်တော်သို့ သတင်းတက်ရောက်ယူနေသော မဇ္ဈိမ သတင်းထောက် လင်းဘိုဘို က ပြောသည်။
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သော NLD အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန် ဆိုမည့် စာသားပြုပြင်ပေးရန် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာရုံး များသို့ စာရေးသားပေးပို့ အကြံဉာဏ်ပြုထားဆဲ ဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ အဆိုတင်သွင်းနိုင်ရန်အတွက် လွှတ်တော်တက် ကိုယ်စားလှယ်များအကြား တိုင်ပင် ဆွေးနွေးမှုများလည်း ရှိနေ ကြောင်းလည်း သိရှိရသည်။
“လွှတ်တော်အမတ်တွေကလည်း သူတို့ဟာနဲ့သူတို့ ညှိနှိုင်းမှုတွေ ရှိတယ်ဗျ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုတင်မယ်ပေါ့။ ထောက်ခံ ပေးဖို့ပေါ့။ ကြံ့ခိုင်ရေး ကိုလည်း ညှိနေကြ တာပဲ။ မနေ့က အနေ အထား အ ရတော့ ကြံ့ခိုင် ရေးက နည်းနည်း မာတဲ့ သဘောထား ရှိတယ်။ ဒီလိုပဲ လိုက်ပြီး negociate လုပ်ကြတာပေါ့။ ဒေါက်တာမြတ်ဉာဏစိုးတို့၊ ဒေါက်တာအေးမောင်တို့။ ဒီ တတိယအကြိမ် အစည်းအဝေးမှာ တင် နိုင်ဖို့ ကြိုးစားနေကြတယ်” ဟု သတင်းထောက် လင်းဘိုဘို က ပြောသည်။
အခြေခံဥပဒေတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုရမည်ဆိုသည့် ပုဒ်မ ၁၂၅ (ခ)အတွက် ဇယား ၄ ပါ စာသား တွင် “နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာ ကွယ် စောင့်ရှောက်ပြီး” ဟု ပါရှိ နေရာ NLD အနေဖြင့် “လေးစား လိုက်နြာ ပီး”ဟူ၍ ပြင်ဆင် ပေးရန် အကြံပြု ထားခြင်း ဖြစ်သည်။
သို့သော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါ ပြဋ္ဌာန်းချက် ပုဒ်မ ၁၂၅ အား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက စတင်တင်ပြလာပါက ပြည် ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ပိုင်ခွင့်ရှိမည်ဖြစ်သည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိကာ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ၁၆၆ ဦး ရှိနေသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် ဖြစ်သည့် ဧပြီလ ၂၄ ရက်နေ့ အစည်းအဝေးကို တနာရီခန့်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှ အရွေး ချယ်ခံ NLD ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိသေးပေ။
သို့သော် ယခု တတိယ အစည်း အဝေး များအတွင်း ရလဒ် တစုံ တရာ ပေါ်ထွက်လာနိုင်ကြောင်း ၂ဝ၁ဝ ရွေးကောက် ပွဲမှ ရွေးချယ်ခံ NLD ပါတီဝင် ဒေါက်တာ မြတ်ဉာ ဏစိုး က မဇ္ဈိမကို ပြောဆို သွားသည်။
No comments:
Post a Comment