Monday, April 30, 2012

ဘီဘီစီ ဘန်ကောက် ရုံးကို ဆန္ဒပြ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘီဘီစီ အသံလွှင့်ဌာနကြီး၏ ရုံးရှေ့တွင် ရခိုင်လူမျိုးအများစုနှင့် မြန်မာနိုင်ငံသားများ မနေ့နံနက်တွင် ကန့် ကွက်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြသည်။

ယနေ့နံနက် ၁၁:၁၀ မှစ၍ တစ်နာရီခန့်ကြာဆန္ဒပြပွဲပြုလုပ်ခဲ့ရာတွင် ထိုင်းနိုင်ငံရောက်ရှိ ကရင်၊ မွန်၊ ဗမာနှင့် ရခိုင်တိုင်းရင်းသားများ စုစု ပေါင်း ၆၀၀ ခန့် ပူပေါင်းပါဝင်ခဲ့ကြသည်ဟု ပါဝင်လှုပ်ရှားသူများက ပြောသည်။

“လွန်ခဲ့တဲ့သုံးလကျော် ဘီဘီစီအသံလွှင့်ချက်ထဲက ရခိုင် ပြည်နယ် သင်္ကေတ ကိုဖေါ်ပြတဲ့ အချက်မှာ ရိုဟင်ဂျာ ရုပ်ပုံ တွေကို ထည့်သွင်း ဖေါ်ပြထား တာကို ကန့်ကွက် ခဲ့ပြီးပြီ၊ အဲဒီ ကိစ္စကို ဘီဘီစီ အသံ လွှင့် ဌာနက ပြောင်းလဲပေး တာလဲ မရှိဘူး၊ ဒါကြောင့် ကျနော် တို့က ဆန္ဒ ဆက်ပြတာ” ဟု ဆန္ဒပြပွဲ ပါဝင်ခဲ့ သူန ထိုင်း အခြေစိုက် ရခိုင် ဒီမိုက ရေစီ အဖွဲ့ချုပ်မှ ကိုအောင်မြင့် သိန်းက ပြီးခဲ့သည့် ၂၀၁၁ အောက်တို ဘာလ ဘီဘီ စီ အာရှ- ဖစိဖိတ် သတင်းထောက် Anna Jones ၏ မြန်မာ နိုင်ငံ ဓါတ်ပုံ သတင်း၌ ရခိုင် ပြည်နယ်တွင် ရိုဟင်ဂျာ များကို မြန်မာ တိုင်းရင်း သားဟု ဖေါ်ပြ ခဲ့သည့် အတွက် ကန့်ကွက် ဆန္ဒပြ မှုများ ဖြစ်ပေါ် ခဲ့ခြင်း ဖြစ် သည်။

ယနေ့ဆန္ဒပြပွဲ၌ ဘီဘီစီမှ ထုတ်ပြန်ရေးသားခဲ့သည့်သတင်း မဟုတ်မမှန်ကြောင်း၊ ၎င်းသတင်းကို အင်တာနက်မှဖြုတ်ချပေးရန် အော်ဟစ် ကာ တောင်းဆိုဆန္ဒပြခဲ့သည်ဟုလည်း ဆန္ဒပြခဲ့သူ ကိုအချိုင်က ပြောသည်။

အလားတူ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်လည်း တောင်ကိုးရီးယားရောက် ရခိုင်အမျိုးသားများနှင့် မြန်မာတိုင်းရင်းသား ၁၀၀ ခန့် ဘီဘီစီ သတင်းဌာနအား ကန့်ကွက်သော ဆန္ဒပြပွဲတစ်ခုကို ဆိုးလ်မြို့ရှိ ဗြိတိသျှ သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

No comments: