Monday, April 2, 2012

မဲဆန္ဒနယ် အမှတ် ၃ သျှမ်း/မြောက်၌ ကျားဖြူ ပါတီ အောင်နိုင်ရေး ရာခိုင်နှုန်း များ

သျှမ်းသံတော်ဆင့်


သျှမ်းပြည်မြောက်ပိုင်းအမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော် လစ်လပ်နေရာ၌ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း အရေအတွက်အရ ကျားဖြူပါတီ အောင်နိုင်ရေး အလားအလာများပြားကြောင်း လားရှိုးမြို့နေ ကျားဖြူပါတီ၏ မဲရုံကိုယ် စားလှယ် ဝင်များက သျှမ်းသံတော် ဆင့်အားပြောပြသည်။

“ မဲစာရင်းတွေကိုကြည့်ရင်တော့ ကျနော်တို့ မဲစာရင်းက သာနေတာကိုတွေ့ရတယ်။ မသမာမဲ ထပ်မရှိလာရင်တော့ ဒီတပွဲ အောင်နိုင်ဖို့ ရာနှုန်းများတယ်” ကျားဖြူပါတီဝင်တဦးကပြောသည်။

ယမန်နေ့ကျင်းပသည့်ကြားဖြတ်ရွေးကောက်ပွဲတွင် တန့်ယန်းမြို့၊ မိုင်းရယ်မြို့၊ သိန္နီမြို့နယ် တို့၌ ကျားဖြူပါတီ ခေါ် သျှမ်း တိုင်းရင်းသား များဒီမိုကရက်တစ်ပါတီက မဲအပြတ်အသတ်အနိုင်ရကြောင်း၊ လားရှိုးမြို့ပေါ်တွင် NLD မဲအပြတ် အသတ် အနိုင်ရရှိသော်လည်း မြို့ပြင် နှင့် တခြားကျေးရွာအုပ်စုများ နှင့် တခြားမြို့နယ်များမှ မဲအရေအတွက်နှင့်ပေါင်းသော် မဲထောင်ဂဏန်း နှင့် အနိုင်ရနေကြောင်း၊ ယနေ့ နေ့ခင်း ရောက်ရှိလာသည့် လားရှိုးမြို့ခရိုင်ရွေးကောက် ကောက်ပွဲကော် မရှင်ရုံးရောက် မဲအရေအတွက်များအရ ကျားဖြူက NLD ကို မဲ ၃ ထောင်ကျော်ဖြင့် အသာရနေကြောင်း စောင့်ကြည့်လေ့ လာသည့် သူများက ပြောပါသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ်(၃) အတွက် ယနေ့ရရှိသော စာရင်းများအရ ကွမ်းလုံမြို့နယ်တွင် ကိုးကန့် ပါတီ ၆၉၄၁ မဲ အား တခြားသောပါတီများက ရှုံးနေသော်လည်း ကျန်ဒေသများတွင် ကျားဖြူပါတီမှ အပြတ်အသတ် အသာစီးရရှိ နေကြောင်း၊ မဲအ တိအကျကိုမူ ညနေ ၅ နာရီမှ တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း ကျားဖြူပါတီ ကိုယ်စား လှယ် ဖြစ်သော စိုင်းလူက ဆက်လက် ပြောပြ သည်။

ယမန်နေ့က လားရှိုးမြို့ တာပုံအုပ်စုတွင်လည်း ကျားဖြူပါတီမဲကွက်တွင် ဖယောင်းသုတ်ထားသော သို့မဟုတ် ဆီပေထား သည်ဟု ယူဆ ရသော မဲပြား ၄ ပြား တွေ့ရကြောင်း တာဝန်ကျ ကျားဖြူကိုယ်စားလှယ်များကပြောသည်။

“ အဲဒီမှာ မဲလာပေးတဲ့ ဒေသခံ ၄ ယောက်။ မဲခြစ်ရာမှာ ကြာနေတော့ မဲရုံကိုယ်စားလှယ်တွေက ဘာဖြစ်တာလဲ သွားမေး တယ်။ ဒေသခံ ၄ ယောက်က ဒီမှာ ခြစ်လို့မရဘူး ဆိုပြီးပြတော့ ကျားဖြူပါတီမဲပေးတဲ့အကွက်မှာ အဲလိုမျိုးတွေ့ရတယ်။ မဲရုံမှူးကို သွားပြောတော့ မဲပြား လဲပေးတယ်။ အဲလိုမသမာမှုလဲရှိတယ်။ နောက်တခု အဲဒီတာပုံမှာ မနေ့က ၈ နာရီ ၄၅ မှာ ခလရ ၆၈ က မဲပုံးတပုံးရောက်လာတယ်။ ကြို တင်မဲလား ဘာလား ဘယ်သူမှမသိရဘူး။ ညနေပိုင်း စာရင်းချုပ်တော့ အစက ကျားဖြူက ၁၈၈ မဲ ကြံ့ခိုင်ရေးက ၁၄၆ မဲ။ အဲဒီခလရ ၆၈ မဲပုံးကိုထပ်ဖွင့်ပြီး ရေတော့ ကြံ့ခိုင်ရေးက မဲ ၂ ဆ ပိုလာတယ် ။ ကျားဖြူ ရှုံးသွားတယ်။ အဲလိုတွေရှိတယ် ” ဟု ဆိုပါသည်။

ထို့အပြင် မိုင်းရယ်မြို့ ဝမ့်ခိုဆိုင်းတွင်လည်း ၃၁ ရက်ညနေ က ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေး ကျော်စွာမြင့်က ရွာသားများ အား ခေါ်ပြီး - နက်ဖြန်မဲပေးဖို့ ရွာသားတွေ သွားစရာမလိုဘူး။ ကျနော်တို့ ၂ ယောက်ကဘဲသွားပြီး ကိုယ်စားထည့်ပေးလိုက် မယ် ဟုပြောသဖြင့် မဲပေး ခွင့်ရှိသူ ၄၀၁ အနက် ၈၀ သာမဲလာပေးကြကြောင်း ကျားဖြူကိုယ်စားလှယ်များကပြောသည်။

No comments: